-20-

1.3K 68 10
                                    

ခိုင်မြဲ အခန်းထဲဝင်လာတော့ ယောက်ျားက ကုတင်အဖျားမှာထိုင်နေသည်။ ခပ်တောင့်တောင့်အနေအထားဖြစ်နေပေမယ့် လက်ထဲမှာ ဘာပစ္စည်းမှမတွေ့ရ။

ဘာမှန်းမသိပေမယ့် အတတ်နိုင်ဆုံးမျက်နှာငယ်လေးလုပ်ထားရင်း အနားတိုးသွားကာ

"ယောကျာ်း"

ခပ်တိုးတိုးခေါ်ပြီး ခြေထောက်နှစ်ချောင်းကြားဒူးထောက်ထိုင်ချလိုက်သည်။

"မင်းကို ငါ ဧည့်သည်ကို ဂရုစိုက်ဖို့ပဲပြောတာ ဆိုဖာတစ်ခုတည်းပူးထိုင်ပြီး လက်ကိုင်ဘာကိုင် လုပ်ခိုင်းထားလို့လား?"

"အဲ...အဲ့ဒါ . မလုပ်ခိုင်းပါဘူး ယောကျာ်း.. လက်ကိုင်တာကလေ-"

"တော်တော့ ဆင်ခြေမကြားချင်ဘူး.. မင်းအဲ့လောက်ကိုင်ချင်ရင် ကိုင်ခိုင်းမယ် ပန်းခြံထဲသွား-"

"ဟင့်အင်း ဟင့်အင်း သူများဟာ မကိုင်ချင်ဘူး ယောကျာ်းဟာပဲ ကိုင်ချင်တာ"

ခိုင်မြဲရဲ့ ကြောက်အားလန့်အားအငြင်းစကားကြောင့် ယောကျာ်းက ထရယ်လေတော့သည်။

" သူများဟာကိုင်လို့လည်း မပြောရသေးပါဘူး။ပန်းခြံထဲသွားရမှာ အဲ့လောက်ကြောက်လား.."

"အင်း .. ယောက်ျား"

"ထ..အင်္ကျီနဲ့ပုဆိုးသွားလဲ ပန်းခြံထဲသွားမယ်"

"ယော..."

ယောကျာ်းကခိုင်မြဲ လည်တိုင်ကို ခပ်တင်းတင်းလေးအုပ်ကိုင်လိုက်ပြီး

"ထပ်သွားရမှာပေါ့.. "

အပြုံးရေးရေးနဲ့ ပြောလာ၏။

"ပန်းခြံနဲ့ပတ်သတ်တဲ့ အမှတ်တရဆိုးတွေကို ကောင်းတာလေးတွေနဲ့ အစားထိုးပေးမယ် ထထ မြန်မြန်သွားလဲ "

------

မြို့လယ်ခေါင် ပန်းခြံဆိုတာ လူပြတ်ချိန်ဆိုသည့်တိုင် တစ်ယောက်စနှစ်ယောက်စ ဖြတ်သွားနေတာမျိုး။

ကားကိုပါကင်ထိုးပြီး ခြုံပုတ်ထဲ တကူးတကလာရခြင်းမှာ ခိုင်မြဲကို အပြစ်ပေးချင်တာကလွဲပြီး ဘာမှ မဖြစ်နိုင်။

သူကတော့ သစ်ပင်အကြီးကြီးရဲ့ ဂွဆုံကို ကျောမှီထိုင်ပြီး စာအုပ်တစ်အုပ်ဖတ်နေသည်။

တစ်ဦးတည်းသော [ZG+UNI]Where stories live. Discover now