(Unicode)
အခန်း - ၆
စေသုဒ္ဓါပြည်၏ တစ်ခုသော နန်းတော် ဥယာဉ်ထဲ၌ ဖြစ်သည်။ မင်းသား စက္ကပါလသည် ဥယာဉ်၏ အထဲသို့ တစ်ကိုယ်တည်း လမ်းလျှောက်လာစဉ် အုံ့ဆိုင်းသည့် ညောင်မုတ်ဆိတ် ပင်ကြီးအောက်၌ ထိုင်နေသည့် လူတစ်ယောက်အား တွေ့လိုက်ရသည်။ တဖြည်းဖြည်း နည်းကပ်လာသည့်အခါ ထိုလူက တောထဲ၌ သူ၏အသက်ကို ကယ်တင်ခဲ့သည့် တောတွင်းသား ဝေဠုမဏိ ဖြစ်ကြောင်းကို သိလိုက်ရသည်။ ထို့အတွက် သူက ဝေဠုမဏိထံသို့ မနှေးလွန်း မမြန်လွန်းသော ခြေလှမ်းတို့ဖြင့် လျှောက်လှမ်းသွားသည်။ ဝေဠုမဏိသည် တစ်ကိုယ်တည်း ထိုင်နေရာမှ မင်းသာစက္ကပါလအား တွေ့သည့်အခါ ဒူးတုပ်၍ ခစားလိုက်သည်။
" ဝေဠုမဏိက အရှင့်သားတော်ကို နှုတ်ဆက်ပါတယ် "
" အဆင်ပြေသလိုနေပါ ဒီလောက်အထိ ယဉ်ကျေးနေဖို့ မလိုပါဘူး "
မင်းသား စက္ကပါလ၏ စကားကို ကြားသည့်အခါ ဝေဠုမဏိက အသာခေါင်းမော့၍ ကြည့်လိုက်သည်။ ဤကဲ့သို့ မောက်မာလွန်းသည့် အိမ်ရှေ့စံ မင်းသားထံမှ ထွက်ပေါ်လာသည့် စကားသံက သူ့အား အနည်းငယ် ဒွိဟ ဖြစ်သွားစေသည်။ အိမ်ရှေ့စံ၏ ငယ်ကျွန် ဖေငယ်ထံမှ ကြားရသည့် သတင်းများအရ အိမ်ရှေ့စံ၏ စိတ်နေ သဘောထားကို အနည်းနှင့်အများ သူက သိရှိထားသည်။ အိမ်ရှေ့စံသည် မောက်မာသည်။ ထို့အတူ မာနတရားလည်း ကြီးမားလွန်းပြီး ဒေါသထွက်လွယ်ကာ အေးစက်လွန်းသူဟု သူသိရှိထားသည်။ သို့သော် ယခုကြားလိုက်ရသည့် စကားက သူသိရှိထားသည့် သတင်းများက မှားယွင်း၍ နေသလော။
" ဟုတ်ကဲ့... ကျေးဇူးတင်ပါတယ် အရှင့်သား..."
" အင်း...မောင်မင်းရဲ့ နာမည်က ဝေဠုမဏိနော်...အဟက် နာမည်က နုဖက်နေပေမယ့် မင်းကတော့ တကယ်ပဲ ရဲရင့်တယ် ဝေဠုမဏိ၊ တောထဲမှာ ဖြစ်ခဲ့တဲ့ ကိစ္စမှာ ငါကိုယ်တော်ရဲ့ အသက်ကိုကယ်တင်ပေးခဲ့တဲ့ အတွက် ဒီမင်းသားက မင်းကို ကျေးဇူးမတင်ရသေးဘူး၊ ဒီအတွက် အခုပဲ ကျေးဇူးတင်စကား ဆိုပါရစေ..."
" အရှင့်သားတော်က အားနာလွန်းနေပါပြီ ဒီလောက်အထိ ယဉ်ကျေးနေစရာ မလိုပါဘူး "
JE LEEST
The Story Of A Prince (Complete - BL)
Fantasyမင်းသားတစ်ပါး၏ ပုံပြင် ဆိုသည့်အတိုင်း ဒီဇာတ်လမ်းပါ အကြောင်းအရာအားလုံးက ကျွန်တော့်ရဲ့ စိတ်ကူးယဥ် သပ်သပ်သာ ဖြစ်ပါတယ်။ ဒါဆိုရင် ဇာတ်လမ်းလေးကို စပြီး မိတ်ဆက်ပေးပါ့မယ်။ မဏိရောဂတိုင်း၊ စေသုဒ္ဓါပြည်ထောင်၏ ပြည့်ရှင် မရိန်ဓတွင် သားတော် ကိုးပါးရှိ၏။ ယင်းသားတ...