အခန်း - ၃၄ (U+Z)

1.3K 142 1
                                    

(Unicode)

အခန်း - ၃၄

         စက္ကပါလသည် ဒေဝတိုင်းတွင် နှစ်ရက်တိတိ နေခဲ့ပြီး သူ၏ အဘိုးတော်၊ အဘွားတော်၊ ဦးရီးတော်၊ ဒေါ်လေးများနှင့် မိတ်ဆက်ခြင်းများ ငယ်စဥ်ကအ​ကြောင်းများကို ပြော၍ အချိန်ဖြုန်းခဲ့သည်။ ဒေဝတိုင်းပြည်သို့ ရောက်ရှိလာသည့် ရက်များသည် သူ့အတွက် စိတ်လက်ပေါ့ပါး၍ နေပြီး လွတ်လပ်သည်ဟု ခံစားရစေသည်။

သုံးရက်မြောက်သော နေ့တွင် ဒေဝတိုင်းပြည်၏ နန်းရင်ပြင်အတွင်း၌ စစ်သည်အင်အား များစွာ ရောက်ရှိနေကြသည်။ အားလုံးသည် တိုက်ပွဲဝင် ချပ်ဝတ် အပြည့်အစုံနှင့် လက်နက်များကို ဝတ်ဆင်၍ ထားကြသည်။ ထိုစစ်တပ်သည် ဒေဝတိုင်း၏ အထူးစစ်တပ် ဖြစ်သည့် မြွေခွေးစစ်တပ်ပင် ဖြစ်၏။ မြေခွေးစစ်တပ်၏ ရှေ့တွင် တစ်ဦးတည်းသော အုပ်ချုပ်သူဖြစ်သည့် စစ်သူကြီး ဗလသည်မားမားမတ်မတ် ရပ်၍နေသည်။

" မြေခွေးစစ်တပ် နားထောင်ပါ အခုချိန်က စပြီး ငါတို့ဟာ မင်းသားစက္ကပါလရဲ့ နောက်လိုက်တွေ ဖြစ်သွားပြီ၊ မင်းသားရဲ့ စကားဟာ အမိန့်ပဲ မင်းသားရဲ့ စကားကို ကျောက်သားကျောက်စိုင်လို ခိုင်မာစွာ နားထောင်ကြ "

" အရှင်မင်းသားရဲ့ အမိန့်ကို နာခံလျက်ပါ "

" အရှင်မင်းသားရဲ့ အမိန့်ကို နာခံလျက်ပါ "

" အရှင်မင်းသားရဲ့ အမိန့်ကို နာခံလျက်ပါ "

           စစ်သူကြီး ဗလ၏ အသံအဆုံးတွင် မြေခွေးစစ်သည်များက တခဲနက် အော်ဟစ်လိုက်ကြသည်။ စက္ကပါလသည် မြေခွေးစစ်သည်များအား ငေးကြည့်နေသည်။ ထို့နောက်တွင် သူက လက်ထဲမှ နေသူရိန်ဓားကို မြှောက်၍ ပြောလိုက်သည်။

" ဒီမင်းသားရဲ့ အရေးကို ဝိုင်းဝန်း ကူညီကြတဲ့အတွက် မြေခွေးစစ်သည်တွေကို ကျေးဇူးတင်ပါတယ်၊ ဒီစစ်ပွဲက ဒီမင်းသားရဲ့ ဘဝမှာ အမြဲတမ်းအတွက် အမှတ်တရ ဖြစ်နေမှာပါ၊ ဒါက မြေခွေး စစ်သည်တွေအတွက်..."

           စက္ကပါလသည် အသင့်ကိုင်ထားသည့် အရက်ခွက်ကို မြှောက်ပြကာ တစ်ကျိူက်တည်း မော့သောက်လိုက်သည်။ ထိုအရာသည် မင်းသားတစ်ပါးအနေဖြင့် မြေခွေးစစ်သည်များအပေါ်တွင် ဂုဏ်ပြုခြင်းပင် ဖြစ်၏။ မြေခွေးစစ်သည်များသည်လည်း အရက်ခွက်များကို​မြှောက်ပြကာ တစ်ကျိုက်တည်း မော့သောက်လိုက်ကြလေသည်။ ထို့နောက် သူတို့၏ ဒိုင်းကာများကိုတီး၍ စစ်ချီရန် အတွက် လှုံ့ဆော်လိုက်လေသည်။

The Story Of A Prince (Complete - BL)Where stories live. Discover now