အခန်း - ၂၁ (U+Z) 🔞🔞

4.6K 256 9
                                    

(unicode)

အခန်း - ၂၁

       အော်ဟစ် ညည်းညူသံများက ယာယီနန်းဆောင်အတွင်း ပျံ့နှံ့၍သာ...။ သို့သော်လည်း အပြင်ဘက်မှ စစ်သည်တော် များကတော့ ကိုယ်ရံတော်၏ စကားကြောင့် မည်သူ တစ်ဦးတစ်ယောက်မျှ ဝင်မလာကြ။ အမှန်အတိုင်း ဆိုရလျှင် ဝင်မလာရဲကြခြင်းပင် ဖြစ်၏။ ဝေဠုမဏိဟူသည်က အဘယ်နည်း။ အိမ်ရှေ့စံ မင်းသား မကြာခင် နန်းတက်တော့မည့် ရှင်ဘုရင်လောင်း စက္ကပါလ၏ ကိုယ်ရံတော်ပင် မဟုတ်လား။ အကယ်၍ မင်းသား စက္ကပါလ ရှင်ဘုရင် ဖြစ်လာလျှင် ဘုရင့်ကိုယ်ရံတော် ဖြစ်မည့် ကြီးမြတ်သော ပုဂ္ဂိုလ်။ ထိုကဲ့သို့သော လူတစ်ဦး၏ စကားကို မည်သူက ပယ်ရှားရဲသည့် သတ္တိမျိုး ရှိမည်နည်း။ ကြားလျှင်လည်း နားပိတ်၍သာ ထားကြမည်။ မည်သူမျှ ဝင်လာမည်မဟုတ်။

         နန်းဆောင်အတွင်း၌ စက္ကပါလက ကူညီမှု ကင်းမဲ့နေသည်။ လက်ဦးတွင် သူက ရုန်းသည်။ ထို့နောက် ကန်ကြောက်သည်။ ထို့တစ်ဖန် ပြန်လည် ရိုက်ပုတ်ရင်း သတ်ဖြတ်သည်။ နောက်ဆုံး...နောက်ဆုံးဟူသည်က ထိုအခြေ အနေကို မဖြစ်လာခင်အထိ သူက ထိုကဲ့သို့သော အပြုအမူကို ပြသနေစဲ။ သို့သော် ယခု သူက ရုန်းကန်မှူ ကင်းမဲ့လျက်၊ ဆန့်ကျင်မှု ရပ်တန့်လျက်၊ တင်းမာမှု ပြေလျော့လျက် ရှိနေသည်။ သူ့မျက်လုံးတွေက အခါအားလျော်စွာ မှေးစဥ်းနေသည်။ တစ်ခါတရံ ခုတင် ဘောင်တန်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။ တစ်ခါတလေ၌ ခပ်တိုးတိုးလေးသာ ညည်းညူ နေတတ်သည်။ သေချာသည့်အရာက သူက မရုန်းကန်ချင်တော့။ ရုန်းကန်ရန် သူ့မှာ အင်အားတို့ ပျောက်ဆုံးကုန်ရ၏။

" မင်း...သဘောကျလား "

" ဘာလဲ...မင်းက ဘာကို မေးနေတာလဲ "

" ငါမေးတဲ့ အဓိပ္ပါယ်ကို မင်းကောင်းကောင်းကြီး သိနေတာပဲ စက္ကရယ်...မင်းက ဘာတွေ မျက်ကွယ်ပြုအုံး မလို့လဲ "

" သွားစမ်းပါ... မင်းက တကယ့်ကို ညစ်ပတ်တဲ့ကောင်ပဲ ဝေဠု... ပြီးတော့ ငါပြောအုံးမယ် ငါရှင်ဘုရင် ဖြစ်တဲ့တစ်နေ့ မင်းအသေပဲ "

" ဟားဟား...သတ္တိတွေ သိပ်ရှိနေတာပဲ ကောင်းပြီလေ ဒါဆိုရင် အဲဒီစကားကို မင်းရှင်ဘုရင် ဖြစ်တဲ့အထိသာ သိမ်းထားလိုက်ပါတော့ စက္ကရယ် အခုတော့... "

The Story Of A Prince (Complete - BL)Wo Geschichten leben. Entdecke jetzt