အခန်း - ၄၂ (U+Z)

1.6K 161 1
                                    

(Unicode)

အခန်း - ၄၂

       စေသုဒ္ဓါပြည်ထောင် နန်းတော် ရင်ပြင်အနှံ့ သွေးညှီနံ့များ ဖုံးလွှမ်းနေသည်။ လူသေအလောင်းများက နေရာမရွေးရှိနေပြီး နန်းရင်ပြင်သည် ကြည့်ဖွယ်ရာမရှိအောင် အယုတ်ဆိုးအကျည်းတန် လှ၏။ နောက်ဆုံးတွင် စက္ကပါလတို့ အဖွဲ့က နန်းတော်အား ပြန်လည် သိမ်းပိုက်နိုင်ခဲ့ချေပြီ။ ရာဇတိုင်းမှ စစ်သည်များသည် စစ်ရှုံးတော့မည့် အခြေအနေကတည်းက ပြန်လည်ဆုတ်ခွာသွားကြပြီ ဖြစ်သည်။ နန်းတော်မှ စစ်သည်များသည်တော့ မင်းသားကြီး၏ ဖမ်းချုပ်ထားခြင်းကို ခံနေရသည်။ တတိယမင်းသား ဟိံသကသည် မိဖုရားကြီ၏ ခန္ဓာကိုယ်ကို သေဆောင်ကာ တလှမ်းခြင်း လှမ်း၍ လာသည်။ သူကရှေ့တည့်တည့်ကိုသာ ကြည့်နေပြီး မည်သည့်အရာကိုမျှ ငေးကြည့်ခြင်း မရှိချေ။

         တတိယမင်းသား၏ အသွင်က တုန်လှုပ်ခြင်းလည်း မရှိ။ ကြောက်လန့်ခြင်းလည်းမရှိ။ ပကတိ တည်ငြိမ်နေပြီး လူသေမျက်နှာကဲ့သို့ဖြစ်နေသည်။ မင်းသားကြီးသည် သူ့ညီတော်၏ လက်ထဲမှ မိဖုရားကြီးအားတလှည့် ညီတော့်အားတလှည့်ကာ များစွာ စိတ်မကောင်းဖြစ်မိသည်။ သို့သော် ကံတရားသည် အရာအားလုံး၏ ဘုရားသခင်ပင် ဖြစ်၏။ ထို့အတွက်ကြောင့် သူသည်လည်း ကံတရားကို ပြောင်းလဲပစ်၍ မရနိုင်ချေ။ ဟိံသကသည် သေဆုံးနေသော ရုပ်အလောင်းများကြားမှ တလှမ်းခြင်း လှမ်းထွက်သွားသည်။ စစ်သည်ရဲမတ်အပေါင်းတို့သည် သူ့အား လမ်းဖယ်ပေးကြသည်။

" ညီတော်... "

         ထိုအချိန်တွင်မှ မင်းသားကြီးသည် သူ၏ ညီတော် စက္ကပါလကို သတိရလိုက်သည်။ ထို့နောက် သူက နန်းတော်၏ အနောက်သို့ လိုက်သွားရန် ပြင်လိုက်သည်။ ထိုစဥ် နန်းတော်၏ အနောက်ဘက်မှ လူနှစ်ဦး ခပ်ဖြည်းဖြည်း လျှောက်လာသည်ကို သူက မြင်လိုက်ရ၏။ ဝေဠုမဏိသည် စက္ကပါလအားတွဲ၍ ခေါ်ဆောင်လာပြီး စက္ကပါလ၏ ခန္ဓာကိုယ်တွင် သွေးများ စွန်းထင်းနေသည်။ သူက ဒဏ်ရာရထားကြောင်း သိသာလှအောင်ပင် သူ၏ မျက်နှာက သွေးမရှိတော့လောက်အောင် ဖြူစွတ်၍ နေသည်။

" ညီတော် အဆင်ပြေရဲ့လား လာကြစမ်း...မင်းတို့ရဲ့ ရှင်ဘုရင်သစ်အတွက် သမားတော် ခေါ်လာခဲ့ကြ "

The Story Of A Prince (Complete - BL)Dove le storie prendono vita. Scoprilo ora