အခန်း - ၁၁ (U+Z)

2.7K 319 0
                                    

(Unicode)

အခန်း - ၁၁

အချိန်အတော်ကြာ စောင့်စားပြီးချိန်၌ နေရောင်သည်လည်း တဖြည်းဖြည်း ငုတ်လျှိုးနေပြီ ဖြစ်သည်။ မင်းသား စက္ကပါလသည် တစ်ခုတည်းသော လာရာလမ်းကိုသာ လည်တံ မော့၍ မျှော်လင့်နေသည်။ ထိုစဥ် အဝေးဆီမှ လွင့်ပျံလာသည့် ခြေသံများကို သူက ကြားလိုက်ရသည်။ လူမမြင်ရသေးသည့်အတွက် ရဲမက်များက မင်းသား စက္ကပါလအား ကာကွယ်ရန် ဝိုင်းရံလိုက်ကြသည်။ အားလုံး၏ မျက်လုံးအစုံက လမ်းကျဥ်းကလေး၌သာ စုပြုံရောက်ရှိနေသည်။ ထိုစဥ် ထိုလမ်းကျဥ်းကလေးထဲသို့ ပထမဆုံး ပြေးဝင်လာသူက ဒယီးဒရိုင်နှင့် ရှိနေသည်။ သူ၏ပုံစံက မိမိကိုယ်မိမိ အားတင်း၍ လျှောက်လှမ်းနေဟန် ရှိသည်။

" ဟင်... တပ်မှူး ဒိဗ္ဗ၊ ရဲမက်တွေ သွားစမ်း ဒိဗ္ဗကို ခပ်မြန်မြန် တွဲခဲ့ကြစမ်း "

ဒဏ်ရာရလာသည့် ဒိဗ္ဗကို မြင်သည်နှင့် မင်းသားစက္ကပါလ၏ မျက်နှာက ပျက်ယွင်းသွားသည်။ ထို့နောက် ဒိဗ္ဗ၏ နောက်၌ လိုက်ပါသည့် ကိုးယောက်သော စစ်သည်များ၊ ကျန်ရှိသည့် စစ်သည်များက တိုက်ပွဲ၌ ကျခဲ့သည်ကို စက္ကပါလ တန်းသိလိုက်သည်။ သို့သော် သူက ထိုအရာကို စိတ်ထဲမမှတ်တော့ဘဲ ဒိဗ္ဗ၏ အခြေ အနေကိုသာ ကြည့်လိုက်သည်။ တပ်မှူးဒိဗ္ဗသည် သူ၏ လူယုံဖြစ်ပြီး သူငယ်စဥ်အခါကတည်းက သူ၏ အနား၌ အစဥ်အမြဲ ရှိနေခဲ့သည့် သက်တော်စောင့်ပင် ဖြစ်သည်။ ထို့အတွက် သူက တပ်မှူး ဒိဗ္ဗအတွက် စိုးရိမ်ပူပန် နေခြင်းပင် ဖြစ်လေသည်။

" အရှင်မင်းသား...ဒိဗ္ဗ တာဝန်မကျေခဲ့ဘူး၊ မင်းသားဟိံသကကို ခေါ်ဆောင်မလာနိုင်ခဲ့ပါဘူး "

ဒိဗ္ဗက မင်းသားရှေ့တော်မောက်သို့ ရောက်သည်နှင့် ဒူးထောက်ကာ ပြောလိုက်သည်။ ထိုအခါ စက္ကပါလသည် သူ၏ ခေါင်းကို ခါယမ်းလိုက်ပြီး ဒိဗ္ဗအား တွဲထူလိုက်သည်။

" ကိုယ်တော် သိပါပြီ၊ ဒီအရေးက မောင်မင်းရဲ့ အသက်လောက် အရေးမကြီးပါဘူး၊ ရဲမက်တွေ တပ်မှူးဒိဗ္ဗကို အနားယူဖို့ နေရာချစမ်း "

မင်းသား စက္ကပါလ၏ အမိန့်တော်အောက်၌ အားလုံးက လျှင်မြန်စွာ လှုပ်ရှားလိုက်ကြသည်။ သည်နေ့အဖို့အတွက် ခရီးဆက်ဖို့ မဖြစ်နိုင်တော့သည့် အတွက် ဝေဠုမဏိက ယာယီ နန်းဆောင်များကို ချက်ချင်း ပြင်ဆင် စေလိုက်သည်။ အမှောင်ထုက အင် အားကြီးလာသည့် အတွက် သားကောင်များ၏ အန္တရာယ်ကို ကာကွယ်ရန်အတွက် သူက မီးဖိုတစ်ခုကို ဖိုလိုက်သည်။ သူကိုယ်တိုင်က မီးဖို၏ ဘေး၌ ထိုင်ကာ မင်းသားအတွက် အစောင့်အဖြစ် ရှိနေလေသည်။

The Story Of A Prince (Complete - BL)Where stories live. Discover now