အခန်း - ၁၆ (U+Z)

3.3K 275 2
                                    

(Unicode)

အခန်း - ၁၆

ကျောက်ဂူထဲသို့ ပြန်ရောက်သည်အထိ မင်းသား စက္ကပါလသည် ဝေဠုမဏိအား စကားမပြေချေ။ တစ်ကိုယ်တည်းသာ နေပြီး ဝေဠုမဏိအား ရှောင်ဖယ်နေသည်။ ဝေဠုမဏိသည် စက္ကပါလ၏ ပြောင်းလဲသွားမှုကို သိရှိသော်လည်း သူက ဂရုမပြုမိသကဲ့သို့ မသိချင်ယောင်သာ ဆောင်နေသည်။ စက္ကပါလ၏ စိတ်ထဲ၌ အိုးတိုးအန်းတမ်း အခြေအနေနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။ သူက ဝေဠုမဏိအား ရှောင်ဖယ်နေခြင်း မဟုတ်ဘဲ မရင်ဆိုင်ရဲခြင်းပင် ဖြစ်သည်။ သူ့မျက်လုံးတွေက ဝေဠုမဏိအား ရင်ဆိုင်ကြည့်သည်နှင့် နှလုံးခုန်သံက မြန်ဆန်လာသည်။ ခြေမကိုင်မိ လက်မကိုင်မိနှင့် အရာရာက အယောင်ယောင် အမှားမှား ဖြစ်ကုန်သည်။ ထို့အတွက်ကြောင့် သူက ဝေဠုမဏိအား လုံးဝ မျက်နှာချင်း မဆိုင်ခြင်းပင် ဖြစ်သည်။

" စက္က ... ငါမြို့ထဲ သွားပြီး သတင်းအနည်းငယ် သွားယူမလို့၊ မင်းမလိုက်ခဲ့နဲ့ ဒီမှာပဲ နေခဲ့ "

" မဟုတ်ဘူး...ငါလည်းလိုက်ခဲ့မယ် "

" မလိုက်ရဘူး မင်းက ဘာမှ အသုံးဝင်တာလည်းမဟုတ်ဘူး ပြီးတော့...မင်းလို မင်းသားတစ်ပါးကို လူတိုင်းက သိနေပေမယ့် ငါကတော့ အဲလိုမဟုတ်ဘူး "

" ဘာကွ... ခွေးကောင်း မင်းက ငါ့ကို အသုံးမဝင်ဘူးလို့ ဆိုလိုချင်တာပေါ့ ဟုတ်လား "

ဝေဠုမဏိ၏ စကားကြောင့် သူက ဒေါသ ထွက်သွားသည်။ ထို့နောက်တွင် ကျောက်ဆောင် ပေါ်၌ တင်ထားသည့် လက်သုံးတော် ဓားကို ယူကာ ဓားအိမ်မှ ဆွဲထုတ်လိုက်သည်။ ထို့နောက် မပြောမဆိုနှင့် ဝေဠုမဏိအား ခုတ်ချလိုက်သည်။ စက္ကပါလ၏ စိတ်ကို သိနေသည့် ဝေဠုမဏိက ဓားကို အလျှင်အမြန်ယူကာ ကာကွယ်လိုက်သည်။ ထို့နောက် ဓားအိမ်မှ ဓားကိုချွတ်ကာ ဓားအိမ်အား အဝေးသို့ လွှင့်ပစ်လိုက်သည်။ တစ်ယောက်နှင့် တစ်ယောက်က မတိုက်သေးဘဲ မျက်လုံးနှင့် အချင်းချင်း အကဲခတ်နေသည်။ စက္ကပါလသည် စိတ်မြန်သည်။ ထို့အပြင် သူ့ဒေါသကို သူပြန်လည် မထိန်းချုပ်နိုင်သည့် အတွက်ကြောင့် ကမူးရှူးတိုး တိုက်ခိုက်လိုက်သည်။

The Story Of A Prince (Complete - BL)Where stories live. Discover now