အခန်း - ၂၂ (U+Z)

2.9K 202 0
                                    

(unicode)

အခန်း - ၂၂

        စေသုဒ္ဓါပြည်၏ မြောက်နန်းစံ မိဖုရား၏ နန်းဆောင်၌ ဖြစ်သည်။ မင်းသားကြီး ရောက်ရှိလာမှုနှင့် အတူ  နန်းဆောင်၏ ပတ်ပတ်လည်၌ ကျားစစ်သည် တစ်ရာက ခြံရံလျက် စောင့်ရှောက်နေသည်။ ထိုစစ်သည် တစ်ရာကို ဦးဆောင်သူမှာ ကျားသစ်တပ်မှုး တစ်ဦးဖြစ်ပြီး သူက မိဖုရား နန်းဆောင်၏ တံခါးဝ၌ ဓားကိုဖြေပြင်၌ ထိုးစိုက်ရင်း ဓားပေါ်လက်တင်ကာ မတ်တပ် အနေအထားဖြင့် ရပ်လျက်ရှိသည်။ မင်းသားကြီးသည် သူ၏ မယ်တော် မြောက်နန်းစံ မိဘုရား၏ နန်းဆောင်ထဲ၌ ရှိနေပြီး သူ၏ ညီမတော် နှစ်ပါးသည် မြေပြင်၌ ခပ်ရို့ရို့ကလေး ထိုင်နေကြသည်။ မြောက်နန်းစံမိဘုရား၏ မျက်ဝန်း၌ မျက်ရည်များ ဝေ့သီလျက် ရှိ၏။

" သားတော်...မင်းနောက်ဆုံးတော့ ပြန်လာပြီပဲ၊ မင်း...မင်းရဲ့ ခမည်းတော် နတ်ရွာစံသွားခဲ့ပြီ၊ ပြီး...ပြီးတော့..."

" သားတော် အားလုံး သိပြီးပါပြီ မယ်တော်၊ မယ်တော် အရမ်းတွေ အပင်ပန်းမခံပါနဲ့၊ သားတော် စီစဥ်လိုက်ပါ့မယ် "

" မဟုတ်ဘူး...သားတော် မင်းမသိဘူး မိဖုရားကြီးရဲ့ အင်အားက သားတော် သိထားတာထက် ပိုပြီးတော့ များတယ်၊ သားတော်သူ့ကို မတွန်းလှန်နိုင်လောက်ဘူး "

" သားတော် နားလည်ပါတယ်၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး မယ်တော် စိတ်မပူပါနဲ့ သားတော်က ဘာလုပ်ရမယ်ဆိုတာကို ကြိုတင်စီစဥ်ထားပြီးပါပြီ၊ မယ်တော်နဲ့ ညီမတော် နှစ်ပါးကသာ သတိဝီရိယ ရှိရှိနဲ့ နေပါလို့ ပြောချင်တယ် "

        မင်းသားကြီးက သူ၏ မယ်တော်လက်ကို ကိုင်ကာ နှစ်သိမ့်ရင်း​ ပြောလိုက်သည်။ မြောက်နန်းစံ မိဖုရားသည် သူ့သားတော်၏ မျက်နှာထက်မှ ပြတ်သားသည့် ဆုံးဖြတ်ချက်ကို မြင်နေရသည်။ ထို့အတွက်ကြောင့် သူမက ဆက်လက်၍ နားချမနေတော့ပေ။ သည်ရက်တွေတွင် သူမက များစွာသော ကိုယ်စိတ်နှလုံး ပင်ပန်းမှုကို ခံစားခဲ့ရသည်။ မိဖုရားကြီး၏ လက်အောက်၌ နေရသည်က သူမအတွက် ကြီးစွာသော ဆင်းရဲဒုက္ခကို ဖြစ်စေသည်။ သို့သော် သူမ အတွက်သည်ကား ငြင်းဆန်ဖို့ အခွင့်မရှိချေ။ သားတော်ကြီး၏ အဝေးဆီ၌ ရောက်ရှိနေချိန်တွင် သူမထံ၌ အားကိုးစရာဟူ၍ သမီးတော် နှစ်ပါးသာရှိသည်။ အားနွဲ့သူ မိန်းမများသာဖြစ်၍ တွန်းလှန်နိုင်သည့်စွမ်းအား မဲ့လျက်ရှိသည်။

The Story Of A Prince (Complete - BL)Where stories live. Discover now