အခန်း - ၂၃ (U+Z)

1.8K 173 0
                                    

(unicode)

အခန်း - ၂၃

       မဏိရောဂတိုင်း စေသုဒ္ဓါပြည်ထောင် တော်ဝင်နန်းတော်၏ အတွင်း၌ ဖြစ်သည်။ ညသန်းခေါင် ကျော်လာသည့် အချိန် နန်းတော်၏ ကင်းစောင့်တပ်မှလွဲ၍ နန်းတော်အတွင်းရှိ လူအားလုံး အိပ်စက် အနားယူနေကြသည်။ ညအခါ၌ ထွက်သည့် ပိုးကောင်ငယ် ကလေးများ၏ အော်မြည်သံမှလွဲ၍ အရာအားလုံးက တိတ်ဆိတ်လျက်ရှိ၏။ ပုဇင်းရင်ကွဲကလေးများသည် သူတို့၏ ဆန်ကျင်ဘက် လိင်ရှိသည့် ပုဇင်းရင်ကွဲ အမများအား လိင်စိတ် နှိုးကြွစေရန် အလို့ငှာ ရင်ကွဲခံ၍ အသံကုန် အော်ဟစ်နေကြသည်။ ထို့​ကြောင့်ပင် တိတ်ဆိတ်နေသည့် ညသည် ပုဇင်းရင်ကွဲ ကလေးများ၏ အသံမှလွဲ၍ အရာအားလုံး တိတ်ဆိတ် ငြိမ်သက်လျက် ရှိသည်။

         လူအားလုံး အိပ်စက်နေချိန်၌ လူတစ်စုသည်တော့ အိပ်စက်ဖို့ မဖြစ်နိုင်သေးချေ။ ထိုလူစုက မင်းသားကြီး ရောသိဒ္ဓ၏ လူများပင် ဖြစ်သည်။ မင်းသားကြီး ရောသိဒ္ဓ၏ နန်းဆောင်၌ မီးရောင် ခပ်ပျပျ လင်းလက်နေသည်။ ထိုနန်းဆောင်၏ အပြင်ဘက်၌ ကျားစစ်သည်များ ရှိနေပြီး နန်းဆောင်၏ အတွင်း၌ မင်းသားကြီး၏ မိသားစုအပြင် ကျားသစ်တပ်မှူးလည်း ရှိနေသည်။ သူတို့အုပ်စုက တစ်စုံတစ်ခုကို တိုင်ပင်နေကြဟန် ရှိ၏။ မင်းသားကြီးသည် အခန်းပြတင်းပေါက်မှ တစ်ဆင့် အပြင်ဘက်သို့ ငေးကြည့်လိုက်သည်။ ထို့နောက်တွင် သူက ကျားသစ်တပ်မှုးအား ခေါင်းညိတ်၍ အချက်ပြလိုက်သည်။

" အချိန်ကျပြီ ထင်တယ် ဒီအချိန်ဆိုရင် ညီတော့်ရဲ့ စစ်တပ်ကလည်း မြို့အပြင်ကို ရောက်ရှိနေလောက်ပြီ "

         ကျားသစ်တပ်မှုးက တိတ်ဆိတ်စွာ နားထောင်နေသည်။ သူသည်လည်း အပြင်ဘက်ကို ကြည့်၍ ခေါင်းညိတ်လိုက်သည်။ သူက မင်းသားကြီး၏ စကားကို ထောက်ခံဟန်ရှိ၏။ မင်းသားကြီးအပါအဝင် နန်းဆောင်အတွင်းရှိ လူအားလုံးက စိတ်လှုပ်ရှားနေကြသည်။ မည်သို့ပင် ဆိုစေကာမူ ယခုအရေးသည် သူတို့အားလုံးအတွက် စွန့်စားမှုတစ်ခု ဖြစ်နေသည် မဟုတ်ပါလား။ ထို့နောက်တွင် မင်းသားကြီးသည် ကျားသစ်တပ်မှုးအား မျက်စ ပစ်ပြလိုက်သည်။ ထိုအခါ ကျားသစ်တပ်မှုးက မင်းသားကြီး၏ ဆိုလိုရင်းကို နားလည်စွာဖြင့် အခန်းထဲသို့ ဝင်လိုက်သည်။ ထိုအခန်းထဲ၌ ငြိမ်သက်စွာ လဲလျောင်းနေသည့် လူငယ်တစ်ဦးအပါအဝင် အခြားသော မိန်းကလေး သုံးဦးရှိသည်။

The Story Of A Prince (Complete - BL)Where stories live. Discover now