အခန်း - ၁၃ (U+Z)

2.7K 289 2
                                    

(Unicode)

အခန်း - ၁၃

       မဏိရောဂတိုင်း၊ စေသုဒ္ဓါပြည်ထောင်၏ နန်းတော်အတွင်း၌ ဖြစ်သည်။ ယင်းနန်းတော် အတွင်း၌ မင်းဆွေ မင်းမျိုးများ၊ မူးမတ်များ၊ တပ်မှူးများ၊ ပရောဟိတ်များ၊ အမတ်များနှင့် အရေးကြီးသော သက်တော်ရှည် ဘိုးဘေးအားလုံး ရောက်ရှိနေကြသည်။ ယနေ့သည် နတ်ရွာစံ ကံတော် ကုန်ခဲ့သော ယခင်မင်းကြီး မရိန်ဓ၏ တတိယသားကြီး မင်းသား ဟိံသက၏ နန်းတက်ပွဲနေ့ အခမ်းအနားပင် ဖြစ်သည်။ မင်းရင်ပြင်တော်၌ စေသုဒ္ဓါပြည်ထောင်၌ ရှိကြသော တိုင်းသူပြည်သားများ အားလုံး ရောက်ရှိနေကြပြီး ရင်ပြင်တော်၏ အထက်တွင် ရှင်ဘုရင်သစ် ဟိံသကသည် မင်းပလ္လင်ထက်၌ ငြိမ်သက်စွာ ထိုင်နေသည်။

         မင်းပလ္လင်၏ ဘေးတစ်ဖက် တစ်ချက်စီတွင် တောင်နန်းစံ မိဖုရားကြီး ပဒုမ္မဒေဝီ နှင့် အရှေ့နန်းဆောင်၏ မိဖုရားဖြစ်သော ယခင်ဘုရင်၏ မိဖုရားနှစ်ပါးက သလွန်ထက်၌ ဝင့်ကြွားစွာ ထိုင်နေကြသည်။ မကြာခင်ကမှ သက်တော်ရှည် ဘိုးဘေးအသစ် ဖြစ်သွားသော နရသီဟအမတ်သည် မင်းမြှောက်တန်ဆာ များကို ယူဆောင်လာပြီး တိုင်းသူပြည်သား တို့အား ကြည့်လိုက်သည်။ တိုင်းသူ ပြည်သားတို့သည် နေပူထဲ၌ ငြိမ်သက်စွာ ရပ်နေကြပြီး နန်းရင်ပြင်ထက်မှ အံ့မခန်း အချိန်ကာလကို ငေးကြည့်နေကြသည်။ သို့သော်လည်း သူတို့၏ မျက်နှာများက ကောင်းမွန်ခြင်း မရှိကြချေ။ အချို့သော တိုင်းသူ ပြည်သားတို့သည် ဒေါသကိုထိန်းကာ လက်သီးကို  ကျစ်ကျစ်ပါအောင်ပင် ဆုပ်ထားကြသည်။

" တောက်... အတော်ယုတ်မာတဲ့ မိဖုရားကွာ သူ့ရဲ့သားတော် နန်းတက်ဖို့အတွက် မင်းသားငယ်လေးကို နိုင်ငံတော် ပုန်ကန်သူအဖြစ် သွပ်သွင်းလိုက်ရတယ်လို့... "

" ဟုတ်ပါ့... ကြည့်စမ်းပါအုံး သူမရဲ့ မျက်နှာကို အတ္တကြီးပြီး ယုတ်မာမယ့် ပုံစံမျိူးကွ "

" သြော်... တိတ်တိတ်နေကြစမ်း လက်ရှိမှာ သူတို့က အာဏာရှိသူတွေ မင်းတို့စကားကို ကြားသွားရင်း သေဒဏ်အပြင် ဘာမှမရှိနိုင်ဘူး "

" သေချင်လည်း သေစမ်းပါစေဗျာ ဒီလိုယုတ်မာတဲ့ မိဖုရားကြီး အာဏာအောက်မှာ အုပ်ချုပ်မဲ့ ဘုရင်မျိုးရဲ့ လက်အောက်မှာ နေထိုင်ရတာထက်တော့ တန်ဖိုးရှိစွာ သေရတာက ပိုလို့တောင် မြတ်အုံးမယ် "

The Story Of A Prince (Complete - BL)Where stories live. Discover now