နောက်ဆက်တွဲ - ၁ (U+Z)

2.9K 180 11
                                    


(Unicode)

နောက်ဆက်တွဲ (၁)

       သည်နှစ်များတွင် ပြည်ထောင်လေးခုက အတော်ကလေး အေးချမ်းသာယာခဲ့သည်။ စစ်မက်ဖြစ်ပွားမှု မရှိ၊ ရန်မီးကင်း၍ သင့်မြတ်ခဲ့သည်။ ပြည်ထောင်အချင်းချင်း ချစ်ကြည်ရေး စစ်ပွဲများ နှစ်စဥ် ကျင်းပလျက်ရှိပြီး ပြည်ထောင်လေးခု၏ ရှင်ဘုရင်လေးပါးက နှစ်စဥ် လည်ပတ်မှုများ ရှိခဲ့၏။ ပြည်ထောင်လေးခုအကြား ဆက်စပ်ထားသည့် လမ်းကြီးကို ဖောက်၍ ပြည်ထောင်လေးခုအကြား သွားလာရေး လွယ်ကူစေရန် ပြုလုပ်ထားသည်။ ထို့အပြင် ပြည်ထောင်လေးခုကို ခြံရံ၍ ကြီးမားသော မြို့ရိုးကြီးနှင့် ခံတပ်များစွာကို ပြည်ထောင်ပတ်ပတ်လည်၌ ထားထားခဲ့သည်။

      ပြည်တွင်းစစ်ကင်း၍ ပြည်ပစစ်ချီမှုများ မရှိသည့်  ပြည်ထောင်လေးခုသည် ပို၍ ပို၍ စည်ပင်ဝပြော လာခဲ့လေ၏။ မဏိရောဂတိုင်း စေသုဒ္ဓါပြည်ထောင်ဘုရင် စက္ကပါလ၏ အစ်မတော်လေးတွင် သမီးတော်သုမုသျှင် အပြင် နောက်ထပ် သားတော်တစ်ပါးမွေးဖွားခဲ့သည်။ ထိုသားတော်လေးကို ပြည့်ရှင်စက္ကပါလက သမုပါလ၏ အမည်ပေးခဲ့ပြီး ရက်တစ်ရာပြည့်တွင် အိမ်ရှေ့စံရာထူး ချီးမြှင့် လက်ဆောင်ပေးခဲ့သည်။ စက္ကပါလသည် သူ၏တူတော် မင်းသားငယ် သမုပါလအား ရင်နှင့်အမျှ ချစ်ခင်နှစ်သက် ခဲ့သည်။ သမုပါလသည်လည်း စက္ကပါလ၏ နန်းတော်၌လိုလိုပင် နေထိုင်ခဲ့သည်။

       နန်းတော်၏ ပတ်ပတ်လည်တွင် နန်းဆောင် သုံးခု ဆောက်လုပ်ထားသည်။ ထိုနန်းဆောင်များကို ဝသန်နန်းဆောင်၊ ဟေမန်နန်းဆောင်နှင့် ဂိန်မန်နန်းဆောင်ဟူ၍ အမည်ပေးထားသည်။ အကြောင်းမှာ ထိုနန်းဆောင်သုံးခုသည် စက္ကပါလနှင့် ဝေဠုမဏိတို့၏ ဥတုသုံးလီ နားခိုအပန်းဖြေရာ နန်းဆောင်များ ဖြစ်သောကြောင့်ပင်။

        ယခု စက္ကပါလသည် ဂိန်မန်နန်းဆောင်၏ အတွင်း၌ ရှိနေပြီး မင်းစည်းစိမ်ကို ပျော်ပျော်ကြီး ခံစားနေသည်။ မာဂရတိုင်း၏ ပြည့်ရှင် ဝေဠုမဏိသည် စက္ကပါလ၏ဘေး၌ရှိသော သလွန်ပေါ်၌ ထိုင်ကာ စက္ကပါလအား ဘေးတိုက်ကြည့်၍ နေသည်။ သူတို့နှစ်ယောက်သည် သီးခြားကမ္ဘာတစ်ခုသို့ ရောက်ရှိနေပြီး လက်ရှိလောကကြီးနှင့် အဆက်သွယ် ပြတ်နေဟန်ရှိသည်။ သူတို့နှစ်ဦး၏ နှစ်ယောက်တည်းကမ္ဘာကြီးက အေးငြိမ်းရာ ဘုံဌာနလေးတစ်ခုအဖြစ် ရှိ၍နေလေသည်။

The Story Of A Prince (Complete - BL)Where stories live. Discover now