Chapter 1 《part 1》

30.7K 1.2K 6
                                    

Zawgyi //



Associated  Title : 穿成霸总小逃妻
Author : 藤萝为枝
English Title : Escaped Wife Of a Typrant CEO
English Translation; Wordrain69

Myanmar Title; အာဏာရှင်​ CEO ကြီး၏ဇနီးထွက်​​ပြေးပြီ

Mm Translated by @Li_Soung_Oo
Date ; September 19 , 2021

[ အဆင်​​ပြေမယ်​ ထင်​တာပဲ ♡ ]
====================

ညဉ့်​သန်း​ခေါင်​ယံအချိန်​တွင်​ , ​ကောင်းကင်​၌
လျှပ်​စီး​လက်​​နေပင်​မဲ့ ယခုတိုင်​ မိုးမရွာလာ
ပေ ။ ​လေထုဟာ ဝမ်းနည်းဖွယ်​ အရသာ ကို သယ်​​ဆောင်​လာခဲ့တယ်​ ။

Nuonuo သတိရှိလာတဲ့အချိန်​, သူမဟာ
မြေပြင်​​ပေါ်ကို ပြင်းပြင်းထန်​ထန်​ လဲကျ
သွားခဲ့တယ်​ ။

သူမနဲ့အတူရှိ​နေ​တဲ့ ဆယ်​​ကျော်​သက်
လေးက , "Nuonuo မင်းအဆင်​​ပြေရဲ့လား?"
ခပ်​ဆိတ်​ဆိတ်​ အသံတစ်​ခုနှင့်​​မေးလာပြီး,
နောက်​ သူမကို အလျင်​အမြန်​  ကူညီလာခဲ့
တယ်​ ။

"နာတယ်​, နာတယ်​!"

Nuonuo က ဆယ်​​ကျော်​သက်​​လေးရဲ့
အကူအညီနဲ့ ထလိုက်​တယ်​ ။
သူမ ဒူးများတွင်​ ဒဏ်​ရာရ​နေပြီး သူမက
မျက်​ရည်​များ ဗြုန်းကနဲ ထွက်​လာ​တော့
တယ်​ ။

လူငယ်​​လေးက အရမ်းစိုးရိမ်​သွားပြီး သူ့
အသံကိုနှိမ့်​ကာ ,
"ရူး တိတ်​ပါ ! Nuonuo ,  အသံမထွက်​ နဲ့။
သွားရ​အောင်​, မ​ကြောက်​နဲ့ , ငါမင်းကို
ကယ်​​ပေးမယ်​ "

နာကျင်​​နေ​တဲ့မိန်းက​လေးဟာ​ချွေး​အေး
များရှိ​နေပြီး သူမ ဆံပင်​များက သူမပါးပြင်
မှာ ကပ်​​နေတယ်​ ။

သို့​ပင်​မဲ့ ,  သူမ မျက်​လုံး​တွေက ပြည့်​ဝိုင်း
နေကာ , သူမ နူတ်​ခမ်း​တွေက နူးညံ့ပြီး သူမ ရုပ်​သွင်​က တင့်​တယ်​​နေတယ်​ ။

သူမက အသက်​ 17 နှစ်​သာရှိ​သေးပင်​မဲ့ ,သူမကအလွန်​လှပသူတစ်​ဦးဖြစ်​တယ်​ ။ ဆယ်​မှတ်
မှာ နှစ်​လိုဖွယ်​​ကောင်းမူက သုံးမှတ်​ဖြစ်​ကာ ,
ခုနစ်​မှတ်​က သန့်​စင်​တယ်​ ။ အ​မှောင်​ထဲမှာ
ဆယ်​​ကျော်​သက်​က သူမ မျက်​နှာကို ရှင်းရှင်း
လင်းလင်း မမြင်​နိုင်​ဘူး ။သူက သူမကို
ရှေ့သို့ ​ပြေးရန်​ ကူညီခဲ့တယ်​ ။ သူမ လဲကျ
ထားတာ​ကြောင့်​ , သူမက နာကျင်​​နေခဲ့ကာ
မက်တတ်​မ​​ရပ်​နိုင်​ဘဲ အနည်းငယ်
ငိုမိ​တော့တယ်​ ။

✔အာဏာရှင်CEOကြီး၏ဇနီးထွက်ပြေးသွားပြီ《MM Translation》Where stories live. Discover now