41

4.7K 474 9
                                    

Zawgyi//




Translate by Z {2.4.2022}

Nuonuo နိုးလာ​သောအခါ , ​နေ့လည်​ခင်းပင်
ရောက်​​နေပြီး သူမသည်​ နှစ်​ခြိုက်​စွာ အိပ်​​ပျော်
သွားခဲ့ပုံရသည်​ ။

သူမသည်​ သူမ၏ မျက်​လုံးများကို တစ်​စက္ကန့်
မျှ ပွတ်​သတ်​ခဲ့ပြီး ​ကောင်းကင်​တွင်​ အလွန်​ပင်
နောက်​ကျ​နေပြီ ! သူမ အရမ်းအိပ်​​ပျော်​သွား
ခဲ့တယ်​ ။ Zhao Li ၏ ရုပ်​ဆိုး​သော မျက်​နှာ
အ​ကြောင်း ​တွေးမိ​သော အခါ Nuonuo
ကြောက်​လန့်​လာခဲ့သည်​ ။

သူမ ထလိုက်​ပြီး ပြတင်း​ပေါက်​​ဘောင်
တွင်​ ရှိ​နေဆဲဖြစ်​ကာ ​နေသည်​ အ​နောက်​အရပ်
သို့ ​ရောက်​​နေပြီ ဖြစ်​သည်​ ။ချုံးလီ သည်
ဆေးရုံအိပ်​ယာ​ပေါ်တွင် မရှိ​တော့​ပေ,
Nuonuo သည်
သူမ၏ လက်​များတွင်​ နာကြင်​မူအနည်းငယ်
ရှိ​နေပြီး ​ခြေ​ထောက်​များသည်​ ထုံကျင်
နေသည်​ ။ဒါသည်​ အကြာကြီး အိပ်​ပြီး
နောက်​ ပုံမှန်​ တုံ့ပြန်​မူပင်​ဖြစ်​ပြီး ​သွေးလှည့်
ပတ်​မူသည်​ အားနည်း​နေသည်​ ။

Nuonuo သည်​ အနည်းငယ်​ စိတ်​အ​နှောက်​အယှက်​ ဖြစ်​​နေခဲ့၏ , သူမ ဘယ်​လိုလုပ်​ ​သေ
သလိုမျိုး အိပ်​​ပျော်​နိုင်​ရတာလဲ ? သူမ တစ်​​နေ့
လုံး ချုံးလီ ရဲ့ ​လူနာ​ဆောင်​ထဲမှာ အိပ်​​နေခဲ့
တယ်​ ။

Nuonuo အပြင်​ထွက်​လာ​သောအခါ ,
အန်​တီ ချန်း သည်​ တံခါးတွင်​ တကယ်
ရပ်​​စောင့်​​နေခဲ့သည်​ , " မိန်းက​လေး နိုးလာပြီ "

"Huh."

Nuonuo ​ခေါင်းငြိမ့်​လိုက်​ပြီး တုံ့ဆိုင်းစွာ
မေးခဲ့သည်​ , " မစ္စတာ ချုံး နဲ့ စုန့်​လန်း
က​ရော ဘယ်​လိုလဲ ?"

အန်​တီချန်း ​ပြောလာသည်​ ,
"မိန်းက​လေး , စိတ်​မပူပါနဲ့ , သူတို့ အတူတူ
မရှိပါဘူး ။ မိန်းက​လေး စုန့်​အာ က အတန်း
သွားပြီး သခင်​​လေးက ကုမ္ပဏီ ကို သွားပါ
တယ်​ "

Nuonuo စိတ်​မပူ​သော်​လည်း အနည်းငယ်
တော့ စိတ်​ပျက်​လက်​ပျက်​ ဖြစ်​သွားခဲ့သည်​ ။
အမျိုးသား နဲ့ အမျိုးသမီး ဇာတ်​လိုက်​က
ရုတ်​တရက်​ date လုပ်​ဖို့ သွားတယ် ​လို့
သူမက ထင်​လိုက်​တာကို... ။

✔အာဏာရှင်CEOကြီး၏ဇနီးထွက်ပြေးသွားပြီ《MM Translation》Where stories live. Discover now