Chapter 165 - Chapter 166

1.9K 203 10
                                    

Chapter 165

Associated  Title : 穿成霸总小逃妻
Author : 藤萝为枝
English Title : Escaped Wife Of a Typrant CEO
English Translation; Wordrain69
Mm Title; အာဏာရှင် CEO ကြီး၏ဇနီး
ထွက်ပြေးပြီ
Mm Translated by Li_Soung_Oo
Date ; February 28, 2023
=========================


ဒီလို ခံစားချက်တွေနဲ့ သူက သူမနာမည်ကို
အော်ခဲ့တဲ့ အခါ , Nuonuo က ကုလားထိုင်
ဆီကို အမြန် ပြန်ဆုတ် လိုက်တယ် ။

သူမ သူ့ကို အချိန်တစ်ခု အတွင်း သိခဲ့ပင်မဲ့
သူ့ခံစားချက်တွေက မယုံနိုင်ဖွယ်ရာဖြစ်နေ
တယ် ။ Nuonuo က သူမကိုယ်သူမ မေးခဲ့
တယ် , သူမ ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်
ခဲ့တဲ့ အခိုက်မှာ သူ ဘာတွေ တွေးနေတာလဲ ?

အဲ့တာက နာကျင်မူကြောင့် ဒါမှမဟုတ်
တစ်စုံတစ်ခုကြောင့် သူက အိပ်ယာလွှမ်းစောင်
ကို တင်းတင်းကြပ်ကြပ် ဖျစ်ညှစ်ထားတာလား
ဆိုတာ သူမ မသိဘူး ။

Nuonuo က အနည်းငယ် ကြောက်လန့်
တကြားကြည့်နေခဲ့တယ် ။ မေ့ဆေးပြီးနောက်
အမျိုးသားရဲ့ နာကျင်မူက သူမကို
မိန်းမောသွားအောင်ပြုလုပ်နေ၏ ။ ၎င်းက ဘယ်လောက်တောင် ကြာသွားလဲ သူမ
မသိပင်မဲ့ သူမ တစ်စုံတစ်ခု
မှားယွင်းနေကြောင်း မခံစားရခင် သူနာပြု ဆရာမက ဝင်လာပြီး  အခြေအနေကို
စစ်ဆေးခဲ့တယ် ။

သူနာပြုက Qiu Li ရဲ့ ကျစ်ကျစ်ဆုပ်ထားတဲ့
လက်သီးကို ကြည့်ပြီး အနည်းငယ် စိုးရိမ်
သွားရကာ , " ဟေး , ဒါက လက််အရိုးမှာ 
ဒဏ်ရာ ဖြစ်စေတယ် "

သို့သော် သူနာပြုလေးက Qiu Li ကို မထိရဲ
ပေ ။ သူမက Nuonuo ကို တစ်ချက်ကြည့်
ပြီး ဆရာဝန်ကို ခေါ်ရန် အမြန် သွားတော့
တယ် ။

ဆရာဝန်ကြီးက သူ့မျက်မှန်တွေကို တွန်း
တင်လိုက်ပြီး အမြန် လမ်းလျှောက် လာ
ခဲ့တယ် ။ သူက အတော်ကို တည်ငြိမ်နေ
ပြီး ," ကိရိယာတွေယူပြီး လာခဲ့ "

ကိရိယာများကို ယူလာသော်လည်း
သူ့လက်ကို လျော့ပေးဖို့ ဆရာဝန်က သူအား
ဖိအား မပေးနိုင်ဘူး ။ သူ့ကြည့်ရတာ တစ်စုံ
တစ်ခု ကို ဖက်တွယ်ထားပုံပေါ်သည်။
၎င်းက ဘယ်လောက်ပဲ နာကျင်နေပါစေ
သူက လွှတ်ပေးမှာ မဟုတ်ဘူး ။

လူနာဆောင်ထဲတွင် ဆရာဝန်က အလွန်
စိုးရိမ်လျက်ရှိ၏ ။ Nuonuoက သူ့တို့ကို
အနှောင့်အယှက်ပေးမိမှာ ကြောက်နေ၍
နောက်တွင် ရပ်နေသည် ။

✔အာဏာရှင်CEOကြီး၏ဇနီးထွက်ပြေးသွားပြီ《MM Translation》Where stories live. Discover now