Chapter 155 - Chapter 156

2K 193 10
                                    

Chapter 155

Associated  Title : 穿成霸总小逃妻
Author : 藤萝为枝
English Title : Escaped Wife Of a Typrant CEO
English Translation; Wordrain69
Mm Title; အာဏာရှင် CEO ကြီး၏ဇနီး
ထွက်ပြေးပြီ
Mm Translated by Li Soung Oo
Date ; February 21, 2023
__________________________

Nuonuo က တက္ကသိုလ် တွင် တစ်နှစ်ခွဲကြာ
ပညာသင်ကြားပြီး ဖြစ်၏ ။ သူမရဲ့ အပို
အချိန်မှာ သူမက အင်တာနက်မှ နာမည်ကြီး
အနုပညာရှင်အချို့ ကို မိတ်ကပ်
လိမ်းပေးသည် ။ ပထမတော့ ,
ဒီ ကောင်မလေး ကို လူများစွာက မယုံကြည်
ကြသော်လည်း နောက်ပိုင်းတွင် သူမက
ချိန်းဆိုချက်များ ပိုရလာ၏ ။

Nuonuo က ထို့ကြောင့်ပင်  မိသားစုကို
များစွာ ကူညီနိုင်ခဲ့ တယ် ။

အရာအားလုံးက ကောင်းကောင်းမွန်မွန်
အဆင်ပြေ မယ်ဆိုရင်  , လေးနှစ် မှာ
တက္ကသိုလ် က ဘွဲ့ရပြီး , သူမက
အရမ်းကောင်းမွန်တဲ့  မှီခိုအားထားစရာ
ဖြစ်လာ နိုင်တယ် ။

Nuonuo က တက္ကသိုလ် တွင် ဘွဲ့ ဒီဂရီ
နှစ်မျိုးရှိခဲ့ပြီး , ဒုတိယ ဘွဲ့  ဒီဂရီက
ဥပဒေ ဖြစ်သည် ။
သူမက အတော်ကြာတွေးခဲ့ပြီး ဥပဒေ
ဆိုင်ရာ ပရိုဂရမ်ရဲ့ မှီတွယ်ရာ ဖြစ်ရန် မျှော်
လင့်ခဲ့၏  ။ ဒါက မသင့်လျော်ဘူး ဆိုရင်
တောင် , ပိုပြီး သိတာ ကောင်းပါတယ် ။

Nuonuo ကျောင်းကို ပြန်လာတဲ့အခါ ,
သူမရဲ့ အခန်းဖော် Zhang Huan က
သွေးရူးသွေးတန်း ငိုယိုပြီး ,
" Nuonuo , အဲ့တာက ဘယ်လောက်တောင်
ကြောက်လန့်ဖို့ကောင်းလဲနင်မသိဘူး , နင်
ငါ့ကို သေလောက်အောင် ခြောက်လှန့်နေ
တာပဲ "

Nuonuo က ပြုံးပြီး သူမကို ပွေ့ဖက်လိုက်ကာ,
"အားလုံး အဆင်ပြေသွားပါပြီ "

လူတိုင်းက သူတို့ရဲ့ စုဆောင်းမူတွေကို
ထုတ်ပြီး Nuonuo ကိုယ်အလေးချိန် ကျသွား
တယ်လို့ ပြောကြတယ် ။

Zhang Huan က အပြောင်အပြက်ပြောလာ
တယ် , "လူတိုင်းက ကိုယ်အလေးချိန်ကျဖို့
အသည်းအသန် ဖြစ်နေကြပြီး ပိန်မလာကြ
သေးဘူး ။ Nuonuo က မ ဝ ရုံသာမက
ပိန်လဲ ပိန် လွယ် တယ် "

Nuonuo က မေးချွန်ချွန်လေးနဲ့ ပိန်ပါးပြီး
လှတယ် ။

Liu Yuzhu က Zhang Huan မလိမ်ဘူးဆိုတာ
သက်သေပြရန် ပြောလာတယ် ,
" ဟုတ်တယ် , Zhang Huan က Nuonuo
မကျန်းမာတဲ့အချိန် အတောအတွင်း
ဘယ် ဝတ္ထု ကိုမှ မဖတ်တော့ဘူး ။
လူတိုင်းက  ကြောက်လန့်နေခဲ့ကြတာ "

✔အာဏာရှင်CEOကြီး၏ဇနီးထွက်ပြေးသွားပြီ《MM Translation》Where stories live. Discover now