Chapter 179 - Chapter 180

2.2K 191 9
                                    

Chapter 179

Associated  Title : 穿成霸总小逃妻
Author : 藤萝为枝
English Title : Escaped Wife Of a Typrant CEO
English Translation; Wordrain69
Mm Title; အာဏာရှင် CEO ကြီး၏ဇနီး
ထွက်ပြေးပြီ
Mm Translated by Li_Soung_Oo
Date ; March 10, 2023
____________________________

Nuonuo က သူမ ပါးပြင်များပေါ်မှ အပူချိန်
မြင့်တတ်လာတာကို ခံစားရပြီး ညင်သာစွာ
ခေါင်းငြိမ့်ခဲ့တယ် ။

သူပြုံးတယ် ။ သူ့မျက်လုံးတွေက
ပွင့်လန်းလာပုံပေါ်ပြီး  အစစ်မှန်ဆုံး
အပြုံးနှင့် တဖြည်းဖြည်း လူပ်ခါနေတယ်။

နောက်တစ်စက္ကန့်မှာ, ကောင်းကင်က
လင်းလက်လာခဲ့တယ် ။ Nuonuo မော့ကြည့်
လိုက်ပြီး ကြယ်ကြွေတွေက သူတို့ခေါင်းတွေ
ပေါ် ကျလာဟန်ထင်ရတယ် ။

"Nuonuo , မင်းရဲ့ ဆန္ဒ ပြီးပြည့်စုံဖို့ ကိုယ် မင်း
ကို ကူညီမယ် ။ မင်းလဲ ကိုယ့်ရဲ့ ဆန္ဒတစ်ခု
ဖြည့်ဆည်းဖို့ ကူညီနိုင်တယ် "

Nuonuo က သူ့ကို မျက်တောင်လေးခက်၍
ကြည့်နေခဲ့တယ် ။ သူက လိမ်ညာပြောနေတဲ့
ပုံမပေါ်ဘူး , ပြီးတော့ သူက သူမကို
တကယ် အိမ်ပြန်ပို့ပေးနိုင်တယ် ။
Nuonuo က တွန့်တိုမနေတော့ဘူး ,
ဒီအချိန်တွေမှာ Qiu Li က သူမကို ကောင်း
ကောင်းမွန်မွန် ဆက်ဆံခဲ့တယ် , သူမ တုံ့ဆိုင်း
စွာပဲ ခေါင်းငြိမ့်ခဲ့တယ် ။

သူ့ ဆန္ဒက ဘာလဲ ?

Qiu Li ၏ မျက်လုံးများထဲတွင် , မည်းမှောင်အုံ့
မိူင်းခြင်း ဒါမှမဟုတ် အေးစက်ခြင်းတွေ
မရှိပင်မဲ့ , သူတို့က ခပ်တိမ်တိမ်,  နွေးထွေးပြီး
နူးညံ့နေတယ် ။ သူက သူမပါးပြင်ကို
ထိတွေ့လိုက်ကာ , " ကိုယ့်ရဲ့ တစ်ခုတည်း
သော  ဆန္ဒက ,   ခဏတာ အခိုက်အတန့်လေးမှာ အနည်းဆုံးတော့  , ကိုယ့်ကို
တစ်ဦးနဲ့ တစ်ဦး အချစ်ကို ခံစားခွင့်လေး
ပေးပါ "

Nuonuo အေးခဲသွားတယ် ။

သူ့အတွက်တော့  , သူတို့နှစ်ဦးရဲ့
ချစ်ခြင်းမေတ္တာ ကသူ့အတွက် အခမ်းနားဆုံး အရာဖြစ်လာခဲ့တယ် ။

"Nuonuo , မင်းရဲ့ မျက်လုံးတွေကို ပိတ်လိုက်ပါ"

သူမ နှလုံးခုန်နူန်းက မြန်ဆန်နေပြီး
သူမ မျက်လုံးတွေကို အနည်းငယ် ပိတ်လိုက်
တယ် ။

✔အာဏာရှင်CEOကြီး၏ဇနီးထွက်ပြေးသွားပြီ《MM Translation》Where stories live. Discover now