63

3.5K 383 6
                                    

Zawgyi //



Associated  Title : 穿成霸总小逃妻
Author : 藤萝为枝
English Title : Escaped Wife Of Typrant CEO
English Translation; Wordrain69

Myanmar Title; အာဏာရှင်​ CEO ကြီး၏ဇနီးထွက်​​ပြေးပြီ

Mm Translated by @Li_Soung_Oo
Date ; June 29,2022

===========================

Nuonuo က Hang Rui ၏ ​ခေါ်ဆိုမူ​ကြောင့်
ကြောက်​လန့်​​နေခဲ့သည်​ ။

သူမက နားလည်​သ​ဘော​ပေါက်​ ​နေတဲ့
မျက်​လုံး
များစွာ ကို မြင်​ခဲ့ရပြီး Hang Rui က
သူမအား ​ပွေ့ရန် ​ဘတ်​စကက်​​ဘော ကွင်း
ထဲမှ ​ပြေးဆင်းလာ​သော အခါ Nuonuo က
အဲ့တာ မ​ကောင်းဘူးဆိုတာ သိခဲ့တယ်​ ။

သူမက ဇာတ်​​ကြောင်းကို စွန့်​လွှတ်​လိုက်
သော်​လည်း Hang Rui က သူမအ​ပေါ်တွင်
ထင်​မြင်​ချက်​​ကောင်းရှိပုံရသည်​ ။

Nuonuo က အပြစ်​ရှိစိတ်​နှင့်​ ရှက်​ကိုးရှက်​ကန်း ဖြစ်​​နေသည်​ ။

သူမက ယခုတွင်​ အထူးသဖြင့်​ Qiu Li
ရူးသွပ်​သွားမည်​ကို ​ကြောက်​ရွံ့မိသည်​ ။

လူငယ်​​လေးက တည်​ငြိမ်​​နေပုံ​ပေါ်ပြီး ,
" မင်းရဲ့ ဒဏ်​ရာ ဘယ်​လို​နေ​သေးလဲ ?"

"​ကံ​ကောင်းလို့..., အဲ့ဒါက ထပ်​မနာ​တော့ပါ
ဘူး ..., ဆရာဝန်​က ​ပြောတယ်​ မကြာခင်
ကောင်းသွားလိမ့်​မယ်​တဲ့ "

Hang Rui က ခဏမျှ တိတ်​ဆိတ်​​နေပြီး
နောက်​ သူမအား ​မေးလိုက်​သည်​ ,
" ဒီ​နေ့ ​နေ့လည်​က ​​​ဆေးခန်း ထဲမှာ မင်း​ပြော
တာ​တွေ အကုန်​လုံး အမှန်​​တွေပဲလား ?"

Nuonuo က ​လေထဲတွင်​ ​အေးစက်​မူကို
ခံစားလိုက်​ရသည်​ ။ သူမ မျက်​​မှောင်​ကြုတ်
လိုက်​ပြီး သူမကိုယ်​သူမ ​စောင်​ထဲတွင်
ထုပ်​လိုက်​တယ်​ ။

သူမ​ပြောလိုက်​သည်​ , " ဟုတ်​တယ်​ "

" ဒါ​ပေမဲ့ , မင်း သူ့ကို ​ကြောက်​​နေတယ်​ "
Hang Rui က တည်​ငြိမ်​စွာ စီစစ်​လာခဲ့
သည်​ ,
" မင်းတကယ်​သူ့ကို ကြိုက်​တယ်​ ဆိုရင်​ ,
မင်းသူ့ကို ​ကြောက်​မ​နေသင့်​ဘူး...,
သူဝင်​လာတဲ့ အချိန်​တုန်းက မင်းတုန်​ ​နေ
တယ်​ "

✔အာဏာရှင်CEOကြီး၏ဇနီးထွက်ပြေးသွားပြီ《MM Translation》Where stories live. Discover now