64

3.8K 409 8
                                    

Zawgyi //


Associated  Title : 穿成霸总小逃妻
Author : 藤萝为枝
English Title : Escaped Wife Of Typrant CEO
English Translation; Wordrain69

Myanmar Title; အာဏာရှင်​ CEO ကြီး၏ဇနီးထွက်​​ပြေးပြီ

Mm Translated by @Li_Soung_Oo
Date ; July 1 , 2022

===========================

ထို့​နောက်​ အမျိုးသား၏ အသက်​ရူသံက
နီးကပ်​လာ၏ ။ သူဟာ
လေ့ကျင့်​ခန်း လုပ်​ပြီးကတည်းက သူ၏
အသက်​ရူသံက အနည်းငယ်​ ​လေးလံ​နေခဲ့
သည်​ ။ Nuonuo က
နောက်​သို့ အမြန်​လှမ်းဆုတ်​ လိုက်​ရာ
သူက ရယ်​​မောလာသည်​ ။ သူက တမင်
သက်​သက်​ သူမ ​နောက်​ကို ​လျှောက်​သွား
ရာ , Nuonuo က သူ၏ ရင်​ဘက်​ထဲသို့
တိုက်​မိသွားသည်​ ။ သူက လက်​လှမ်းလိုက်
ပြီး သူမ လက်​ကို သူ့ခါးတွင်​ ဆုပ်​ကိုင်
စေလိုက်​သည်​ ။ Nuonuo ၏ ပါးပြင်​များ
က နီရဲသွားပြီး သူမက မခံ မရပ်​နိုင်
ဖြစ်​ကာ , "Qiu Li !"

"ဘာလဲ ?"

"ရှင်​​ပြော​တော့ ကျွန်​မကို မထိဘူးဆို "

"ကိုယ်​က မင်းလက်​​မောင်း​တွေထဲမှာ​လေ "

"ရှင်​ဒါကို တမင်​သက်​သက်​ လုပ်​တာ !"

"Nuonuo , " သူက သူမအား ပြုံးလိုက်​ရာ
ရင်​ဘက်​က တုန်​ရင်​သွားပြီး ,
" ကိုယ်​ မလုပ်​ပါဘူး "

Nuonuo က သူ၏ ​ခြေ​ထောက်​​ပေါ်
မညှာ မတာတတ်​နင်းပစ်​လိုက်​သည်​ ။
သူ၏ မျက်​နှာက တစ်​ စက္ကန့်​မျှ အန္တရာယ်
ရှိသွားသည်​ ။ အဆုံးတွင်​ , သူက လွှတ်​ရန်
တွန့်​ဆုတ်​ ​နေဆဲ ဖြစ်​သည်​ ။

Nuonuo က ​ရှေ့တွင်​ ခလုတ်​လိုက်​မိသွား
သည်​ ။ သူမက ဘာမှ မမြင်​နိုင်​​သော​ကြောင့်​ တစ်​စုံတစ်​ခု နှင့်​ မ​တော်​တဆ တိုက်​မိသွားပြီး
သူမ ဒူးက နာကျင်​လာသည်​ ။

အန်​တီ ချန်းက ​ရှေ့သို့ အမြန်​လှမ်းလာပြီး
သူမအား ဆုပ်​ကိုင်​လိုက်​တယ်​ ။

Nuonuo က သက်​သာရာ ရသွားသည်​ ။

စား​သောက်​​သောအခါ , Qiu Li က သူမအား
ထပ်​​ကျွေးရန်​ မကြိုးစား​သော်​လည်း
စားပြီး​နောက်​ , သူ​ပြောလာသည်​ ,
" ကိုယ်​ မင်းကို ဒီ​နေ့ အပြင်​​ခေါ်သွားမယ်​ ,
okay လား ?"

✔အာဏာရှင်CEOကြီး၏ဇနီးထွက်ပြေးသွားပြီ《MM Translation》Where stories live. Discover now