Chapter 128

1.7K 185 3
                                    

Chapter 128


Associated  Title : 穿成霸总小逃妻
Author : 藤萝为枝
English Title : Escaped Wife Of Typrant CEO
English Translation; Wordrain69
Mm Title; အာဏာရှင် CEO ကြီး၏ဇနီး
ထွက်ပြေးပြီ
Mm Translated by @Li_Soung_Oo
Date ; January 18 ,2023
====================
   

သူမ ငိုတဲ့အခါ , သူ့ရဲ့ နှလုံးသာက ကျိုးကြေ
သွားတဲ့အထိ တုန်ယင်လာရတယ် ။

သူက သူ့ကိုယ်သူ လှည့်စားပြီး သူမက သူ့ကို နည်းနည်းတော့ ကြိုက်ပါတယ်လို့ ယုံကြည့်
ချင်မိတယ် , ဒါကြောင့် သူ အများကြီး
မတွေးခဲ့ဘူး ။ သူမ သူနဲ့ ရှိနေသမျှ ကာလ
ပတ်လုံး အဆင်ပြေသွားပါလိမ့်မယ် ..။

သူက သူမကို ခဏမျှ တိတ်တဆိတ် စိုက်
ကြည့်နေခဲ့သည် ။

သူရဲ့ မျက်လုံးများ ကို ဆက်ကနဲ အနည်းငယ်
လူပ်ရှားလိုက်ပြီး သူက သီကုံးဖွဲ့နွဲ့မူကို
စူးစမ်းနေမိတယ် , " မိန်းကလေးတစ်
ယောက်က ကလေးဘဝကနေ အမျိုးသမီး
တစ်ယောက်ဘဝအထိ ၁၈ ကြိမ် ပြောင်း
လဲတယ် " သူမက လွန်ခဲ့တဲ့ လအနည်းက
တဖြည်းဖြည်း ပြောင်းလဲလာတယ်လို့
သူခံစားမိတယ် ။

သူမက ပိုလှလာပြီး ရင်ဖို စိတ်လူပ်ရှားဖွယ်
ကောင်းလာတယ် ။

သူမက အရင်က Song Nuonuo မဟုတ်ဘူး ။

Nuonuo က နာကြင်မူကြောင့် နိုးလာ
တယ် ။

သူမ နိုးတဲ့အခါ အလုံးစုံမှောင်နေပြီ ဖြစ်သည်။

Qiu Li က နွေးထွေးတဲ့ အဝါရောင် မီးအိမ်လေး
ကိုသာ ချန်ထားပြီး သူမက သူမ မျက်လုံး
တွေကို ဖွင့်ပြီး မကြာမီ  သူ၏ ထူးဆန်းသော
စူးစိုက်အကြည့်နှင့် သူမ တွေ့ဆုံ့မိ
လိုက်တယ် ။

Nuonuo က သူမ နှလုံးသားထဲတွင် တသိမ့်
သိမ့်တုန်သွား၏ ။ သူဘာတွေးနေလဲဆိုတာ
သူမ မသေချာဘူး ။

သူမက သူမလက်ချောင်းများကို ရွေ့ရန်
ကြိုးစားလိုက်ပြီး သူမရဲ့ လက်ပေါ်က
ဒဏ်ရာက မပြင်းထန်ဘူးဆိုတာ တွေ့လိုက်
ရတယ် ။ လှေကားများနှင့် ရိုက်မိသော
တံတောင်ဆစ် က အနည်းငယ် နာကျင်
နေသည် ။ ကျန်တာတွေကတော့ အရေပြား
ခြစ်ရာတွေပါပဲ ...။

သူမ မျက်လုံးများက စိုစွတ်နေပြီး ,
သူမက Qiu Li ကို နစ်နာမကျေနပ်ချက်များ
နှင့် ကြည့်ကာ , " ရှင်ပြောတော့ မနေ့က
ကျွန်မနဲ့အတူရှိဖို့ ရှင်ပြန်လာမယ်ဆို ,
ကျွန်မ အကြာကြီး စောင့်နေခဲ့တာ ...,
ပြီးတော့ ရှင် ပြန်မလာဘူး "

✔အာဏာရှင်CEOကြီး၏ဇနီးထွက်ပြေးသွားပြီ《MM Translation》Where stories live. Discover now