52

3.7K 386 3
                                    

Zawgyi //

English Translation; Wordrain69
Mm Tran ; Z {19.5.2022 }

မူလ ပိုင်​ရှင်​၏ စိတ်​ခံစားမူ အတိုင်း  , သူမ
ဆုံးရူံးသွားရသည်​.......။

မူလ ပိုင်​ရှင်​သည်​ သူမ၏ အ​ဖေ​ပေါ်တွင်
နက်​ရိုင်း​သော ချစ်​ခင်​တွယ်​တာမူ ရှိ​နေဆဲ
ဖြစ်​သည်​ ။ မူလပိုင်​ရှင်​ကို ချုံးလီ ဆီသို့ ပို့
ခဲ့သည့်​ အပြင်​ အခြားအချိန်​များတွင်​ စုန့်​ကျန်း
သည်​ သူမ အ​ပေါ် အလွန်​ ​ကောင်းမွန်​ခဲ့
သည်​ ။

မူလပိုင်​ရှင်​၏ အ​မေသည်​ ​စောစီးစွာ ​သေဆုံး
သွားပြီး သူမ၏ အ​ဖေသာ လျှင်​ သူမအား
ပျိုး​ထောင်​​ပေးခဲ့သည်​ ။

Nuonuo စကားမ​ပြော​သော်​လည်း
စုန့်​လန်း သည်​ သူမ၏ လက်​သီးများကို
ကျစ်​ကျစ်​ဆုပ်​ လိုက်​ပြီး အလွန်​ စိတ်​ထက်
သန်​​နေ​သော အသံနှင့်​ ​ပြောလာသည်​ ,
"စိတ်​မပူပါနဲ့ ,သမီးတို့ကို ကူညီမှာပါ ။
အရမ်း ဝမ်းနည်းမ​နေနဲ့​နော်​ , ​ငွေ​တွေ အား
လုံး ပြန်​​ရောက်​လာပာလိမ့်​မယ်​ "

စုန့်​လန်း သည်​ သူမ၏ ​ခေါင်းကို လှည့်​လိုက်
ပြီး bear ကိတ်​မုန့်​ ကို တိတ်​ဆိတ်​စွာ
ကိုင်​ထား​သော Nuonuo ကို ကြည့်​လိုက်​ကာ
သူမ၏ နှလုံးသားအတွင်း၌ ​ဒေါသထွက်​လာ
သည်​ , "Song Nuonuo , နင်​ဘာလို့ ဒီ​လောက်
သွေး​အေးရတာလဲ ?"

Nuonuo သည်​ သူမ၏ မျက်​လုံးများကို မြှင့်
လိုက်​သည်​ ။

သူမသည်​ စုန့်​ကျန်းအား နူးညံ့စွာ​ပြောလိုက်
သည်​ , "အ​ဖေ , အနာဂတ်​မှာ
အခြားတစ်​​ယောက်​ကို ဘယ်​​တော့မှ မယုံနဲ့ ။
ကျန်ေ​နတဲ့ ရှယ်​ယာ 20%က လူတိုင်း
အတွက်​ အပူအပင်​ ကင်းကင်းနဲ့ ​နေထိုင်​ဖို့
လုံ​လောက်​တယ်​ ။ ချုံးလီ က မယုံကြည်​ရဘူး ,သူက အ​ဖေကို  အရာအားလုံး ​ပေးနိုင်
တယ်​ ပြီးရင်​ အရာအားလုံး ကိုလဲ ပြန်​ယူ
နိုင်​တယ်​ , လမ်းခွဲလိုက်​တာက အ​ကောင်း
ဆုံးနည်းလမ်းပဲ...."

စုန့်​ကျန်း သည်​ Nuonuo ​ကြောင့်​ အနည်းငယ်
စိတ်​အ​နှောက်​အယှက်​ ဖြစ်​သွားသည်​။
သူ့ကို အခြားသူများက အပြစ်​တင်​တာကို
သူ မုန်းတယ်​ , "​ကောင်းပြီ , ပြန်​​တော့ "

✔အာဏာရှင်CEOကြီး၏ဇနီးထွက်ပြေးသွားပြီ《MM Translation》Where stories live. Discover now