Chapter 151 - Chapter 152

2.1K 208 15
                                    

Chapter 151

      Associated  Title :
Author :
English Title : Escaped Wife Of a Typrant CEO
English Translation; Wordrain69
Mm Title; အာဏာရှင် CEO ကြီး၏ဇနီး
ထွက်ပြေးပြီ
Mm Translated by Xiao Li
Date ; February 17, 2023
======================


Nuonuo က နောက်ဆုံးနေ့မှာ ဘာလုပ်ရမလဲ
မသိဘူး ။

သူမရဲ့ အကောင်းဆုံး သူငယ်ချင်းက
Lu Xiang ,  ဒါပေမဲ့ အဲ့နေ့ပြီးတဲ့နောက်မှာ
သူမက သူငယ်ချင်း မဟုတ်တော့ဘူး ။
Nuonuo က ဒန်းပေါ်တွင် ထိုင်နေကာ ,
ကြောင်လေးက သူမရင်ခွင်ထဲ ဝင်ခွေနေ
ပြီး ရာသီဥတု က သာယာနေသည် ။

Nuonuo က အဲ့အကြောင်းကို တွေးလိုက်
ပြီး Ding Siming ကို ဖုန်းခေါ် လိုက်တယ် ။

Ding Simeng က အိပ်ခန်း တွင်
facial mask တစ်ခုကို ဝတ်ဆင်ထား
ခဲ့တယ် ။

Nuonuo ပြောလိုက်၏ ,
" အကယ်၍ အဲ့ဒီမှာ ပိုးဟပ်တွေ ထပ်ရှိ
သေးရင် , အိပ်ခန်းထဲမာ ဆေးကို မသုံးနဲ့
ပိုးဟပ်ကို မသေစေဘူး ,မူးဝေစေတာ ..
အဲ့တာက အလကားပဲ အသုံးမဝင်ဘူး "

Ding Siming က သဘောတူကြောင်း
ပြန်ဖြေလိုက်ပြီးနောက် အံ့သြ သွားကာ ,
" နင်ဘာလို့ ငါ့ကို ဒီအကြောင်းပြောနေတာလဲ ?"

သူမ တက္ကသိုလ် ကိုလာပြီး အဲ့အကြောင်းကို
ပြောနိုင်တယ်လေ , ဘယ်လိုပဲဖြစ်ဖြစ် သူမတို့
နှစ်ယောက်က အတူတူနေတာပဲဟာ ။

" ဘာမှမဟုတ်ပါဘူး " Nuonuo ပြုံးလိုက်ပြီး ,
" ကျေးဇူးပါပဲ Ding Simeng "

Ding Simeng က Nuonuo ဟာ အမှန်
တကယ်က  သူမဒေသထွက်အထူး
ထုတ်ကုန်တစ်ခု ယူလာခဲ့တယ်ဆိုတဲ့
အကြောင်းပြောချင်တာဖြစ်မည်ဟု
တွေးလိုက်ပြီးရယ်မောကာ ,
" အဆင်ပြေပါတယ် "

Nuonuo က ဖုန်းချလိုက်ပြီး ဒီကမ္ဘာတွင်
နွေးထွေးတဲ့သူများလဲ များစွာ ရှိကြောင်း
ခံစားလိုက်ရသည် ။ ဥပမာ ,
Hang Rui ,Lu Xiang , ပြီးတော့ ဆရာမ Zhao ,
Ding Simeng တို့က ပူပင်ကြောင့်ကြ
မဲ့ ကြတယ် ။

သူတို့အားလုံးက အရမ်းကောင်းကြတဲ့
လူတွေ ။

Nuonuo က Hang Rui ဘာဖြစ်ခဲ့လဲ အမှန်
တကယ် သိချင်မိတယ် ။ အရပ်ရှည်တဲ့
လူငယ်လေးက သူ့အဖေထံက ခွဲထွက်ပြီး
သူလိုချင်တဲ့ ဘဝကို နေထိုင် ဖြတ်သန်းနေ
ခဲ့လား ။

✔အာဏာရှင်CEOကြီး၏ဇနီးထွက်ပြေးသွားပြီ《MM Translation》Where stories live. Discover now