Chapter 10

7.5K 690 13
                                    

Chapter  10

Associated  Title:穿成霸总小逃妻
Author:藤萝为枝
English Title:Escaped Wife Of a Typrant CEO
English Translation; Wordrain69
Myanmar Title; အာဏာရှင် CEO ကြီး၏ဇနီးထွက်ပြေးပြီ
Mm Translated by @Li_Soung_Oo
Date ;  November 9, 2021
======================

Nuonuo ဗိုက်အရမ်းဆာနေသည်။

သူမ မျက်လုံးများက မူးဝေနေပြီး
စာသင်ခန်းအတွင်း၌ ထိုင်နေသည်။

လုရှင်း ၏ စားပွဲမှ အာလူးကြော်များဟာ
ပြင်းထန်သော ရနံ့ရှိသဖြင့် အတန်းနားထောင်
ရန် သူမ အာရုံမစိုက် နိုင်တော့ပေ။

အာလူးကြော်များက အလွန်ဆွဲဆောင်မူရှိ
နိုင်သည်ကို သူမဘယ်တော့မှ မသိခဲ့ပေ။

ရူပဗေဒ ဆရာက စင်မြင့်ပေါ်တွင် ရပ်၍
စာရေးနေသည်, " လျှပ်စစ်စက်ကွင်း၏ တွန်းအားအောက်ရှိ အမှုန်အမွှားများ၏ ရွေ့လျားမှု

Nuonuo ၏ ဗိုက်မှ အသံထွက်လာသည်။

ထိုင်ခုံဖော် လုရှင်း ဟာ Nuonuo အား အံ့အား
သင့်စွာ ကြည့်လာ၏ ။

Nuonuo ရှက်သွားတယ် ။

သူမက စိတ်ပိုင်းဆိုင်ရာ အကြောင်းရင်းများကို ထိန်းချုပ်နိုင်သော်လည်း ဇီဝကမ္မဆိုင်ရာ တုံ့ပြန်မှုကို သူမထိန်းချုပ်နိုင်ခဲ့ပေ။

သူမ ညစာနှင့် မနက်စာကို မစားရဘူး!

မနက်ခင်းအစောတွင် အန်တီချန်းဟာ ချုံးလီအားပြုစုနေခဲ့သည်။ Nuonuo အောက်ထပ်သို့
ဆင်းလာသော အခါ စားဖိုမှူး သည် သူမအား
ခံစားချက်မဲ့စွာပြောလာသည်,
" မစ္စတာ ချုံးက ကျွန်တော်တို့ကို အမိန့်မပေး
ထားဘူး, ဒါကြောင့် မစ် အတွက် အစားအစာ
မရှိပါဘူး"

"ဘာလို့လဲဆိုတော့ Mr. ချုံး ကို  ဆေးရုံပို့ပြီးကတည်းက သူ မနိုးသေးဘူး..."

"သူနိုးလာတာကို မစ် စောင့်ရမယ်, မဟုတ်ရင်
ကျွန်တော် မစ်အတွက် မချက်ပေးရဲဘူး"

Nuonuo က ပထမဆုံး ကျောင်းသွားရန်မှ
လွဲပြီး ရွေးချယ်စရာမရှိပေ။ကံကောင်း
ထောက်မစွာ ဒရိုက်ဘာ က သူမကို အရှက်မခွဲ
ဘဲ ကျောင်းကို တိုက်ရိုက် ပို့ပေးခဲ့သည်။

အဲ့အချိန်တွင် , Nuonuo ဟာ တစ်စုံတစ်ခု
ကို နားလည်သဘောပေါက်လာသည်။
ချမ်းသာသော သခင်တစ်ဦးအနေနှင့် ချုံးလီ
သည် အမျိုးသမီးဇာတ်လိုက်အတွက် ပိုက်ဆံအများကြီးကို သုံးစွဲ ခဲ့သည်။ သူဟာ မူလ
Song Nuonuo ကိုတောင် အငတ်မထားခဲ့ပေ။

✔အာဏာရှင်CEOကြီး၏ဇနီးထွက်ပြေးသွားပြီ《MM Translation》Where stories live. Discover now