Chapter 106

2.1K 238 7
                                    

Chapter 106



Associated  Title : 穿成霸总小逃妻
Author : 藤萝为枝
English Title : Escaped Wife Of a Typrant CEO
English Translation; Wordrain69

Myanmar Title; အာဏာရှင်​ CEO ကြီး၏ဇနီးထွက်​​ပြေးပြီ

Mm Translated by @Li_Soung_Oo
Date ; December 8 , 2022

=======================


ကျေးလက်​​ဒေသတွင်​ ​နွေဦးပွဲ​တော်​ပြီး​နောက်
Qiu Li က Nuonuo ကို ပြန်​​ခေါ်​ဆောင်​သွား
ခဲ့တယ်​ ။

ထွက်​ခွာသည့်​​နေ့တွင်​ , အဖိုး Qiu က
အင်​တင်​တင်​နှင့်​ တွန့်​ဆုတ်​​နေခဲ့သည်​ ။
Qiu Li လမ်း​လျှောက်​တဲ့အချိန်​တိုင်း ,
အောင်​ပွဲခံဖို့ အဖိုးQiu က  သူ့ ​ခြေ​ထောက်​များ​ရှေ့တွင်​ ​မီးရှူးမီးပန်းများ ပစ်​လွှတ်
ထားရန်​ပင်​  ဆန္ဒရှိ​နေသည်​ ။ ဒီတစ်​ကြိမ်
တွင်​ သူက သူတို့ကို သွားခွင့်​ပြုရန်​ တွန့်​ဆုတ်
နေသည်​ ။

Nuonuo က ​​တော်​ပြီး စဉ်းစားချင့်​ချိန်​တတ်
ကာ , လူအိုကြီးများဟာ ထိုသို့ က​လေး
တစ်​​ယောက်​ကိုကြိုက်​နှစ်​သက်​ကြသည်​ ။

Nuonuo က ရဟက်​ယာဉ်​ ​ပေါ်တတ်​ပြီး
အဖိုး Qiu ကို လက်​​ဝှေ့ယမ်း ပြလိုက်​တယ်​ ။

တော်​​တော်​ ​ဝေး​ဝေး​ရောက်​သည်​အထိ
သူမဟာ အဖိုး Qiu ၏ တစ်​ကိုယ်​တည်း​သော
ပုံရိပ်​ကို ကြည့်​​နေပြီး ရုတ်​တရက်​ အနည်း
ငယ်​ ဝမ်းနည်းလာရတယ်​ ။

အဖိုး Qiu က အဖွားQiu ကို အများကြီး ချစ်
ရမည်​  ...အရမ်း အများကြီး , ဒီလိုမှ မဟုတ်​ရင်
သူက  သူမကို ဒီ​နေရာတွင်​ ထားမည်​ မဟုတ်
ပေ ။

" အဖိုး ကို ထားခဲ့ဖို့ တွန့်​ဆုတ်​ ​နေတာလား ?
ဒီလိုဆိုရင်​ ​နောက်​တစ်​နှစ်​မှာ သူ့ကို
ထပ်​ပြီး လာ​တွေ့ကြမယ်​​ "

Nuonuo က သူမ ​ခေါင်းကို ငုံ့ကိုင်းလိုက်
ကာ , Qiu Li ၏ စကားလုံးများကို
ဘယ်​လို ​ဖြေရမလဲ မသိ​ပေ ။

သူက သူ့နူတ်​ခမ်းများကို ​ကွေးညွှတ်​လိုက်
ပြီး သူမ ထံမှ အ​ဖြေကို မလို အပ်​ခဲ့​​ချေ ။

သူတို့ဟာ တိတ်​ဆိတ်​​သော ​တောရွာဖြစ်
သည့်​ Lijia ရွာတွင်​ ရှိ​နေခဲ့​သော​ကြောင့်
သူတို့ ရုတ်​တရက်​ မြို့​တော်​B သို့ ပြန်
သွား​သောအခါ သူမ မသက်​မသာဖြစ်
လာသည်​ ။

✔အာဏာရှင်CEOကြီး၏ဇနီးထွက်ပြေးသွားပြီ《MM Translation》Where stories live. Discover now