Chapter 134

1.6K 186 3
                                    

Chapter 134

Associated  Title : 穿成霸总小逃妻
Author : 藤萝为枝
English Title : Escaped Wife Of Typrant CEO
English Translation; Wordrain69
Mm Title; အာဏာရှင် CEO ကြီး၏ဇနီး
ထွက်ပြေးပြီ
Mm Translated by @Li_Soung_Oo
Date ;  January 26,2023
==========================

ဖုန်းခေါ်ဆိုမူပြီနောက် ,Nuonuo က
အိပ်ခန်းမှ လေသာဆောင်သို့ လမ်းလျှောက်
လိုက်တယ် ။ သူမက တုံ့ဆိုင်း နေကာ ,
သူမလက်တွေက ဖုန်းစခရင်ကို ဖြတ်ပြီး
မသိမသာရွေ့သွားကာ သူမက
" Qiu Li " ပေါ်တွင် ရပ်တန့်သွားခဲ့တယ် ။

Nuonuo က အဲ့တာကို ဖိလိုက်တယ် ။

ဖုန်းက ချက်ချင်းနီးပါး ဖြေလာခဲ့၏ ။

သူမ ပတ်ဝန်းကျင်မှာ သူမအပေါ်
စောင့်ကြည်နေတဲ့လူရှိတယ်ဆိုတာ
Nuonuo သ်ိခဲ့တယ်..။

သူဟာ တည်ငြိမ်ပြီး သန်မာကာ , သူက
သူမကိုသံသယ ဝင်နေခဲ့တယ်, ဒါပေမဲ့
အဲ့တာကပြသနာ မရှိပါဘူး ။ သူက ဒီလို ဆက်ဆံရေးမျိုးကို ကြိုက်နှစ်သက်ကာ သူမရဲ့ ချစ်စရာ
ကောင်းပြီး ကလူ၏သို့မြှူ၏သို့ ကို ချစ်တယ်
ဆိုတာ အဲ့တာက သက်သေပြခဲ့တာပဲ ။

Nuonuo ပြောလိုက်သည် ,
" Qiu Li , ကျွန်မ အားလပ်ရက်ရတယ် ။
ရှင်ကျွန်မကို အိမ်ပြန်ခေါ်ချင်လား?"

Qiu Li ရဲ့ အမူအရာ က နေ့တိုင်းအေးစက်
နေပြီး နောက်ဆုံးတွင် သူက အပြုံးတစ်ခု
ပြသလာခဲ့ကာ , " ကောင်းပြီ , ကိုယ်ချက်ချင်း
လာခဲ့မယ် "

သူ့ကို စောင့်နေစဉ် , Nuonuo က မှန်ထဲတွင်
သူမကိုယ်သူမ မျက်မှောင်ကြုတ် လိုက်သည်။

အဲ့တာက သူမအမြင်မှားတာလား
ဆိုတာတော့သူမ မသိပင်မဲ့
သူမရဲ့ ခန္ဓာကိုယ် က သူမရဲ့ ကိုယ်ပိုင်
တကယ့် ခန္ဓာကိုယ် အစစ်နဲ့ ပိုပြီး ထပ်တူ
ကျ လာတာကို သူမ ခံစားနေရတယ်။

အမျိုးသမီးတစ်ယောက်က ကလေးဘဝကနေ
အရွယ်ရောက်တဲ့အထိ ၁၈ ကြိမ် ပြောင်းလဲ
တယ်ဆိုပင်မဲ့ အဲ့တာက ဒီလို မဖြစ်သင့်ဘူးလေ။

မူလပိုင်ရှင်ရဲ့ မူလအသွင်အပြင်က Nuonuo
နဲ့ အနည်းငယ်သာ ဆင်တူသည် ။

Nuonuo က အတော်ကြာ တုံ့ဆိုင်း နေကာ,
သူမ ဝယ်ထားတဲ့ အလှကုန်တွေကိုယူလိုက်
ပြီး ပေါ့ပါးတဲ့ မိတ်ကပ်ကိုလိမ်းလိုက်တယ် ။
နဖူးနဲ့ မျက်ခုံးတွေက သူမရဲ့ တကယ့်တစ်ခု
ကဲ့သို့ ကိုးမှတ်နီးနီး ပို၍ရှင်းလင်းလာပြီး
အနည်းငယ် နှစ်လိုဖွယ် ဆွဲဆောင်မှု ရှိနေ
သည် ။

✔အာဏာရှင်CEOကြီး၏ဇနီးထွက်ပြေးသွားပြီ《MM Translation》Where stories live. Discover now