24

6K 591 13
                                    

Zawgyi //

Translate by Z {5.2.2022}

သူမတွင်​ လှပ​သော မျက်​လုံးများရှိသည်​။

"သူက Song Nuonuo ကို ကြိုက်​တာ "

"Song ......တကယ်​ ! Song Nuonuo !"
Zhang Qingduo သည်​ ထခုန်​လုနီးပါးပင်​ ,
"သူ့ အိမ်​မှာ​နေတဲ့ အဲ့ မိန်းက​လေးငယ်​​လေးလား ?ငာ ထင်​တာ​ အစ်​ကိုလီက ခင်​မင်​မူကို
ဂရုစိုက်​တယ်​လို့ ​လေ ! ဒါက လုံးဝကိုမဟုတ်​ဘူး , သူမ အသက်​ ဘယ်​​လောက်​လဲ ,
အစ်​ကို လီ ....."

"တိုးတိုး​, အဲ့တာကို မ​ပြောနဲ့ "

Bai Ye က​ပြောသည်​ ,
"မင်း ​သေချင်​ရင်​ , မင်းဆက်​​ပြောနိုင်​တယ်​"

Zhang Qingduo သည်​ သူ၏ ပါးစပ်​ကို ပိတ်
လိုက်​ပြီး အချိန်​အ​တော်​ကြာ​တွေး​နေခဲ့သည်​ ,
မိန်းက​လေး၏ အသွင်​အပြင်​ကို သူ​သေ​သေ
ချာချာပြန်​လည်​​တွေး​တောလို့မရ​ပေ...။

သူသည်​ မသဲမကွဲ​ပြောလာသည်​ ,
"Chen Qian ​က မလှဘူးလား?"

Bai Ye သည်​ ​ခေတ္တမျှ ဆွံ့အ သွားပြီး
ယခု သူသည်​လည်း Zhang Qingduo သည်
ကန်း​သွားပြီ ဟု ​တွေး​နေခဲ့သည်​။

  ~

အောက်​တိုဘာ လ၏ ညအချိန်​သည်​ အ​အေးဓာတ်​ အနည်းငယ်​ လိုက်​ပါလာခဲ့သည်​။

ချုံးလီ အိမ်​သို့ ​ရောက်​​သောအခါ 9 နာရီ ရှိပြီ
ဖြစ်​သည်​။ Villa ရှိ အလင်း​ရောင်​များသည်
တောက်​ပ​နေပြီး သက်​​တော်​​စောင့်​များသည်
သူ့အား တစ်​​ယောက်​ပြီး တစ်​​ယောက်​ အရို
အ​သေ​ပေးလာသည်​..။

ချုံးလီ သည်​ တံခါးကို ဖွင့်​လိုက်​ပြီး အန်​တီချန်း
သည်​ သူ၏ ဖိနပ်​ကို လျှင်​မြန်​စွာ လဲ​ပေးလာ
သည်​။

ဧည့်​ခန်း အတွင်း၌ ကြည်​လင်​​သော ဖန်​မီးလုံးငါးလုံးသာရှိသည်​...။

ချုံးလီ သည်​ သူ၏ ဖိနပ်​ကိုလဲလိုက်​ပြီး သူ၏
အသံသည်​ ထိုင်းမှိုင်း​နေသည်​ ,
"သူမ နိုးပြီလား ?"

မစ်​ ချန်း သည်​ စိုးရိမ်​​နေ​သော်​လည်း သူမ၏
မျက်​နှာသည်​ ငြိမ်​သက်​​နေသည်​ ,
" မနိုး​သေးပါဘူး , သခင်​ကြီး "
[Z/N , ဒီ​နေရာမှာ မစ္စတာ လို့ မသုံးဘဲ သူက
Master လို့ သုံးထားတယ်​ ၊ မြန်​မာ အဓိပ္ပါယ်​ အ​နေနဲ့ ဆရာလို့ လဲ မသုံးချင်​ဘူး ပြီး​တော့
သခင်​​လေးဆိုတာလဲ အဆင်​မ​ပြေဘူး
သခင်​ ဆိုတာလဲ နည်းနည်း....]

✔အာဏာရှင်CEOကြီး၏ဇနီးထွက်ပြေးသွားပြီ《MM Translation》Where stories live. Discover now