Chapter 99

2.5K 300 10
                                    

Chapter 99

Associated Title : 穿成霸总小逃妻
Author : 藤萝为枝
English Title : Escaped Wife Of a Typrant CEO
English Translation; Wordrain69

Myanmar Title; အာဏာရှင်​ CEO ကြီး၏ဇနီးထွက်​​ပြေးပြီ

Mm Translated by @Li_Soung_Oo
Date ; November 25 , 2022

======================


Qiu Li လာတဲ့အခါ , အရှိန်​အဟုန်​ဟာ ကြီး
မားပြီး အဖိုး Qiu က ၎င်းကို သဘာဝကျ
စွာပဲ ကြားရတယ်​ ။

သူ ထခုန်​လုနီးပါးဖြစ်​သွားရတယ်​ ။ လွန်​ခဲ့တဲ့နှစ်​က ဤအယုတ်​တမာ​ကောင်​​လေး
မလာတာ​ကြောင့်​ Qiu Li က သူနဲ့ ကစားတာ
ပြီးဆုံးပြီလို့ သူ​တွေးထင်​ခဲ့တာ ။ ဒါ​ပေမဲ့
ဒီနှစ်​မှာ သူက ထပ်​ လာပြန်ပြီ ။

အဖိုး Qiu က အဖွား Qiu ရဲ့ ​ခေတ်​မမှီ​တဲ့
က​လေးငယ်​​လေးများကို ကမန်းကတန်း
ဝှက်​ထားလိုက်​တယ်​ ။ အို​ဟောင်း​နေ​သော
သစ်​သားေ​​​ခါင်းဘီး , ​ကြေးနီမှန်​နှင့်​ အိမ်​မှ
ဗီရိုကို ​သော့ခတ်​ လိုက်​​လေ၏ ။ ထို့​နောက်
သူက တံခါးကို အမြန်​ပိတ်​လိုက်​တယ်​ ။ {😆}

Qiu Li ကို မြင်​တဲ့ ဘယ်​အချိန်​မဆို
သူ​ဒေါသထွက်​လာလိမ့်​မယ်​ ။

လွန်​ခဲ့တဲ့နှစ်​က , Qiu Li က သူ့အတွက်​ nanny
တစ်​​ယောက်​ ရှာချင်​ခဲ့​ပင်​မဲ့ ဤအိမ်​အို
လေးဟာ အဖွားQiu ၏ အပိုင်​ဖြစ်​ကာ
ဘယ်​သူ့ကိုမှ ဘယ်​အရာကိုမှ ထိ​တွေ့ရန်
ခွင့်​မပြုနိုင်​​ချေ ။

သူက မသန်​မစွမ်း ဖြစ်​​နေတာမှ မဟုတ်​ဘဲ ,
သူက ဘာအတွက်​ nanny တစ်​​ယောက်​လို
ရမှာလဲ ?

သို့​သော်​ သက်​​တော်​​စောင့်​က တံခါးဖွင့်​လာ​တာ​ကြောင့်​ တံခါးပိတ်​ရန်​ အလွန်​​နောက်​ကျ
သွားရပြီ ။

အဖိုး Qiu က ​​ဒေါသများကို မူတ်​ထုတ်​ပြီး
စိန်းစိန်းဝါးဝါး ကြည့်​​နေချိန်​တွင်​ သူဟာ
Qiu Li ​ဘေးမှ လှပ​တဲ့ မိန်းက​လေးကို မြင်
လိုက်​ရတယ်​ ။

မိန်းက​လေးက အဖြူ​ရောင်​ ဂျက်​ကတ်​ တစ်
ထည်​ကို ဝတ်​ဆင်​ထားတယ်​ ။ သူမရဲ့
မျက်​​တောင်​များက ​ကော့​နေပြီး သူမ
မျက်​နှာ​လေးက ချစ်​စရာ​ကောင်း​နေကာ
အလွန်​လှပ သိမ်​​မွေ့​နေတာ ။

✔အာဏာရှင်CEOကြီး၏ဇနီးထွက်ပြေးသွားပြီ《MM Translation》Where stories live. Discover now