59

3.6K 441 13
                                    

Zawgyi //


English translation; Wordrain69
Translated by Z {9.6.2022}


Nuonuo က ​ဆေးခန်းထဲမှ အိပ်​ယာ​အ​သေး
ပေါ်တွင်​ လဲ​လျောင်း​နေသည်​ ။
ကျောင်းဆရာဝန်​က သူမ၏ ဒဏ်​ရာများကို
ကုသ​ပေး​နေခဲ့သည်​ ။ ​ဘောလုံးသည်​ သူမ၏
မျက်​လုံးများကို ရိုက်​မိပြီး ထို​နေရာတစ်​ဝိုက်
သည်​ နီရဲကာ ဖူး​ရောင်​လာသည်​ ။

သူမ၏ အသားအရည်​သည်​  ဖြူ​ဖွေး​သော
ကြောင့်​ ထိုကဲ့သို​သော ဒဏ်​ရာမျိုးကို 
သူမ ရုတ်​တရက်​ ခံစားရ​သောအခါ အဲ့ဒါ
သည်​ ကြည့်​ရတာ အလွန်​ ​ကြောက်​စရာ
ကောင်း​နေခဲ့သည်​ ။

ကျောင်းဆရာဝန်​ သည်​ အသက်​သုံးဆယ်
အရွယ်​ အမျိုးသမီးတစ်​​ယောက်​ဖြစ်​သည်​ ။
သူမသည်​ အလွန်​အာရုံစိုက်​ပြီး ရွှင်​လန်း
တတ်​ကြွ​နေသည်​ ။

သူမသည်​ Hang Rui အား တံခါးတွင်​ ရပ်​​နေ
သည်
ကို မြင်​ပြီး ​နောက်​​ပြောင်​ ​ပြောလာသည်​ ,
" ​ကောင်​​လေး , ဝင်​ခဲ့​လေ...။ မင်းရဲ့
ကောင်​မ​လေးက အနည်းငယ်​ ထိခိုက်​ထား
တယ်​ ...မင်းမှာ အချိန်​ရှိတဲ့အခါ ​ဆေးရုံကို
စစ်​​ဆေးဖို့ သွားတာ​အ​ကောင်းဆုံးပဲ "

ဤမှတ်​ချက်​ ထွက်​လာပြီး မကြာခင်​ , Nuonuo
လျှင်​မြန်​စွာ ​ပြောလိုက်​သည်​ ,
" မဟုတ်​ပါဘူး , သူက အတန်း​ဖော်​တစ်
ယောက်​ပါ "

Hang Rui သည်​ Nuonuo အား ဖျက်​ကနဲ
ကြည့်​လိုက်​​သော်​လည်း စကားမ​ပြော​ပေ ။

ကျောင်းဆရာဝန်​သည်​ ရှက်​ကိုးရှက်​ကန်း
မဖြစ်​ဘဲ အပြုံးနှင့်​​ပြောလာသည်​ ,
" ဒီ​ကောင်​​လေးက မင်းကို နာကျင်​​စေ
ခဲ့တာ...., ထိခိုက်​မူက တကယ်​ပဲ သန်​မာ
တယ်​ ဒါ​ပေမဲ့ ကံ​ကောင်းလို့ အဲ့တာက မင်းရဲ့
မျက်​လုံး​တွေကို အနာတရ မဖြစ်​​စေခဲ့ဘူး "

သူမတွင်​ လုပ်​စရာ များစွာ ရှိ​သော​ကြောင့်
သူမက ရုတ်​တရက်​ ​ပြောလာသည်​ ,
"လာ, သူမကို ​ရေခဲတုံး ကပ်​ဖို့ ကူညီလိုက်​ဦး,
ငာ့ မှာ လုပ်​စရာအချို့ရှိ​နေတယ်​ , ငါ အပြင်
ထွက်​လိုက်​ဦးမယ်​ "

✔အာဏာရှင်CEOကြီး၏ဇနီးထွက်ပြေးသွားပြီ《MM Translation》Where stories live. Discover now