Chapter 130

2K 175 6
                                    

Chapter 130


Associated  Title : 穿成霸总小逃妻
Author : 藤萝为枝
English Title : Escaped Wife Of Typrant CEO
English Translation; Wordrain69
Mm Title; အာဏာရှင် CEO ကြီး၏ဇနီး
ထွက်ပြေးပြီ
Mm Translated by @Li_Soung_Oo
Date ; January 20 ,2023
====================
    

ညရဲ့ ဒုတိယတစ်ဝက်တွင် , Nuonuo က
သဘာဝအလျောက် ကောင်းသွာသော်လည်း
သူမ ခြေထောက် ဒဏ်ရာက ပြင်းထန်နေ
ဆဲဖြစ်သည် ။
{အဲ့က ညလယ်လောက် ဖြစ်မယ် ထင်တယ် }

ရောင်ရမ်းခြင်းက ပျောက်သွားသော်လည်း
ထိုနေရာတွင် ကြီးမားသော ပွန်းပဲ့ အတွင်းကြေဒဏ်ရာအစိတ်အပိုင်းကရှိနေသေးသည် ။ ပထမဆုံးအကြိမ် ,ဒီ ခန္ဓာကိုယ် နူးညံ့တာ ကောင်းသည်ဟု Nuonuo ခံစားလိုက်ရသည် , ဒါကြောင့်
သူမ ရဲ့နာကျင်မူ ကို သဘာဝကျကျ သူမ
အော်ဟစ်နိုင်မည်ဖြစ်၏ ။

သို့သော် ဒီအရာက Nuonuo ကို အနာဂတ်တွင်
သူမဒီလိုမျိုး မလုပ်နိုင်ဖို့ သတိပေးခဲ့သည် ။
အကယ်၍ မဟုတ်လျှင် , အမျိုးသားဇာတ်
လိုက်က estrus  ဖြစ်သွားရင် အဲ့တာ
မကောင်းနိုင်ဘူး ..။

ရက်အနည်းငယ်ကြာပြီးနောက် ,
Nuonuo နှင့် Lu Xiang စကားပြောသော
အခါ ,Lu Xiang က မျက်ရည်များ ရုတ်တရက်
ထွက်လာသည် ။ သူမက စာမေးပွဲမှာ
ကောင်းကောင်း မလုပ်နိုင်ခဲ့ဘဲ သူမရဲ့ ချစ်သူ
ကောင်လေးနဲ့  အမှတ်တူတူ မရနိုင်ခဲ့
ဘူး ..။

Lu Xiang ၏ စရိုက်က အလွန် ပူပင်ကြောင့်ကြ
မဲ့သည် ။ အကယ်၍ သူမ တစ်ယောက်တည်း
အားရစရာ မကောင်းနေရင် , သူမ ဒီလို
ငိုမှာ မဟုတ်ဘူး ။

သူမ အပြစ်ရှိစိတ်ရဲ့ အကြောင်းအရင်း
ကတော့ ကောင်လေးက
သူမနဲ့ တူညီတဲ့ တက္ကသိုလ် ကိုသွားဖို့
ဆန္ဒရှိနေသေးတာပဲ ။

Lu Xiang က ငိုရိူက်လိုက်ပြီး ,
" သူက အရမ်းတော်တယ် ။ ငါကလေးဘဝ
တုန်းက , သူက ငါ့ကို မုန်းတယ်လို့
ငါအမြဲတမ်း တွေးခဲ့တာ ဒါပေမဲ့
လူတိုင်းက ငါ ဝတယ်လို့ပြောတဲ့အချိန်
သူတစ်ယောက်တည်းကပဲ ပြုံးပြီး
ငါက ချစ်စရာကောင်းတယ်လို့ပြောခဲ့တာ။
ငါက တုံးအပြီး ဆိုးဝါးတယ် , ငါကသူနဲ့
မထိုက်တန်ဘူး , ဒါပေမဲ့ သူက ငါနဲ့
တူညီတဲ့ တက္ကသိုလ် ကို လိုက်ဖို့ ဆုံးဖြတ်ခဲ့
တယ် ။ ငါက သူ့ကို တစ်ဘဝလုံးအကြွေး
တင်နေသလိုမျိုး ငါခံစားရတယ် "

✔အာဏာရှင်CEOကြီး၏ဇနီးထွက်ပြေးသွားပြီ《MM Translation》Where stories live. Discover now