Extra one《 Part 3 》

2.6K 195 6
                                    

Extra one《 Part 3 》

Associated  Title : 穿成霸总小逃妻
Author : 藤萝为枝
English Title : Escaped Wife Of a Typrant CEO
English Translation; Wordrain69
Mm Title; အာဏာရှင် CEO ကြီး၏ဇနီး
ထွက်ပြေးပြီ
Chapter Extra source ; Freenovel/ MTL  website
Mm Translated by Li_Soung_Oo
Date ; March 21, 2023 (Tuesday)
=====================

Nuonuo က အဝတ်လဲစားပွဲပါ်မှာထိုင်နေကာ,
သူမ နူတ်ခမ်းတွေက နီရဲနေပြီး သူမ စကတ်
က သူမ ခါးပေါ်တွင် ရှိနေသည် ။ သူမက
သူမလက်တွေကို နောက်၌ ထောက်ပြီး
သူ့ကို ဗလာဖြစ်စွာ ကြည့်နေတယ် ။
ရှည်လျားတဲ့ ဆံပင်အတွန့်က သူမ ပခုံးများ
ပေါ်တွင် ဟိုတစ်စု ဒီတစ်စု ကျနေပြီး
သူမက ကမ္ဘာကြီးထဲမှာ အပြစ်ကင်းစင်မူ
တစ်မျိုး ရှိနေတယ် ။

သူ ခက်ခက်ခဲခဲ မျိုချလိုက်ရတယ် ။

လက်တွေက တုန်ယင်လုနီးဖြစ်နေကာ ,
သူမ စကတ်ကို သေသပ်စေပြီး သူမရဲ့
ရှည်းလျားတဲ့ ခြေထောက်တွေကို ဖုံးကွယ်
လိုက်တယ် ။

တစ်ဖန် သူမရဲ့ ပွင့်နေတဲ့ ကော်လာကို
ဆွဲပေးလိုက်တယ် ။

" တောင်းပန်ပါတယ် " သူ့အသံက ခပ်ဆိတ်
ဆိတ်ဖြစ်နေပြီး သူက သူမကို တည်ငြိမ်ဖို့
ကြိုးစားနေခဲ့တယ် ။
" သွားအိပ်ဖို့ ကိုယ်ဆိုလိုတာ မဟုတ်ပါဘူး  , ဟုတ်ပြီလား ?" သူက သူမကို ပွေ့ဖက်
လိုက်တယ် ။

Nuonuo က အလွန်ရှက်ကိုးရှက်ကန်း ဖြစ်နေ
ပြီး ဒေါသဖြစ်ကာငိုချင်တော့သည် ။

သူမက သူ့ရဲ့ အလိုလိုက်ခံခဲ့ရပြီး Qiu Li
က တစ်ခါတစ်ရံ စိတ်ကောင်းရှိနေတတ်တယ်။
သူမက သူ အလိုလိုက် ချင်တဲ့ အမျိုးသမီးဖြစ်သည် ။

Nuonuo ရဲ့ ခြေထောက်က ပျော့ပျောင်းပြီး
နူးညံ့ကာ , ဗလာဖြစ်နေတဲ့ ခြေချောင်းတွေက
ပန်းရောင် ဖျော့ဖျော့လေးသန်းနေပြီး
သူမက သူ့ကို ညင်သာစွာ ကန်ပစ်လိုက်တယ်။

သူမက အဝတ်လဲ စားပွဲပေါ်တွင် ထိုင်နေတာ
ကြောင့် သူမဟာ အမျိုးသားရဲ့ ရင်ဘက်
ကို ကန်လိုက်တယ် ။

သူမက မှားယွင်းနေပုံရကာ , အမျိုးသားရဲ့
ကြွက်သားတွေ တောင့်တင်းနေ၏။

သူက နူးညံ့စွာ တခစ်ခစ်ရယ်တော့တယ် ။

Qiu Li က လုံးဝ ဒေါသမထွက်ဘူး ။ ထိုအစား,
သူက ထိုလှပတဲ့ ခြေထောက်ကို ဆုပ်ကိုင်ကာ,
သူ့ခေါင်းကို နှိမ့်ချပြီး သူမ ခြေဖမိုးပေါ်ကို
နမ်းလိုက်တယ် ။

✔အာဏာရှင်CEOကြီး၏ဇနီးထွက်ပြေးသွားပြီ《MM Translation》Where stories live. Discover now