Chapter 7 《 part 2 》

8K 663 5
                                    

Chapter 7 《 part 2 》

Associated  Title:穿成霸总小逃妻
Author:藤萝为枝
English Title:Escaped Wife Of a Typrant CEO
English Translation; Wordrain69
Myanmar Title; အာဏာရှင် CEO ကြီး၏ဇနီးထွက်ပြေးပြီ
Mm Translated by @Li_Soung_Oo
Date ;  October 28, 2021
=======================

Nuonuo ၏ထိုင်ခုံဖော်က စာသင်ချိန်ပြီး
သည်နှင့် အာလူးကြော်စားပြီး အနောက်သို့
လှည့်၍ အနောက်တွင်ထိုင်နေသော အတန်း
ဖော်များနှင့် စကားပြောနေခဲ့သည်။

Song Nuonuo က သူမ၏ deskmate နှင့်
ဆက်ဆံရေးမကောင်းပုံရသည်။ Nuonuo
သည်အတန်းမော်နီတာသို့သူပို့ခဲ့သောစာ
အုပ်ကိုတိတ်တဆိတ်ကြည့်လိုက်သည်။

စာအုပ်ပေါ်တွင်ရေးထားသောနာမည်သည်
လုရှင်း ဖြစ်သည်။

သူမသည် စိတ်ထဲ၌ ရေးမှတ်ထားလိုက်တယ်။

Nuonuo က   နောက်တန်းမှ Hang Rui
ကိုလေ့လာရန် နားချိန်များကို အသုံးပြုခဲ့
တယ် ။

Hang Rui က အလွန်တိတ်ဆိတ်နေပြီး
ကျောင်းပြီးသည်အထိ Nuonuo ဟာ သူ့
စကားပြောသံကို တစ်ခွန်းမှမကြားခဲ့ပေ။

သူမ၏ သူ့အား စောင့်ကြည့်နေမူကို သူက
သဘာဝကျစွာပင် ရိပ်မိနေခဲ့သည်။

ဆယ်ကျော်သက်က သူ၏ မျက်လုံးများ
ကိုမြှင့်လိုက်ပြီး Nuonuo အားတည့်တည့်ကြည့်လာသည်။Hang Rui ၏ မျက်လုံးများ
ထဲတွင် သည်းမခံနိုင်မူများနှင့် စက်ဆုပ်ရွံရှာ
မူများ ရှိနေခဲ့သည်။သူက Nuonuo အား
ကြည့်သောအကြည့်များတွင် သတိပေးချက်
များအပြည့်ဖြစ်သည်။

Nuonuo စကားမပြောနိုင်ခဲ့ပေ။

သူမ ဘာလုပ်ခဲ့တာလဲ ?

ဆယ်ကျော်သက်၏အေးစက်စက်နှင်
စက်ဆုပ်ရွံ့ရှာနေသော မျက်လုံးများနှင့်
ဆန့်ကျင်ဘက်ဖြစ်သောအချစ်ကိုဘယ်
သောအခါမှမခံစားဖူးသော Nuonuo က
သူမပါးကိုသူမလက်ထဲတွင်မြှုပ်ထား
လိုက်တယ် ။

မေ့လိုက်ပါတော့ , ပထမဆုံး အနေနဲ့ သူမ
ဒီည ချုံးလီကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ
ကို စဉ်စားဖို့လိုတယ်။

Hang Rui က သူမကိုစိတ်ဆိုးစွာနဲ့
ပြန်ကြည့်လိုက်ပြီးစာကျက်ဖို့ခေါင်းကိုငုံ့
လိုက်တယ်။

✔အာဏာရှင်CEOကြီး၏ဇနီးထွက်ပြေးသွားပြီ《MM Translation》Where stories live. Discover now