Chapter 173 - Chapter 174

1.9K 183 1
                                    

Chapter 173

Associated  Title :
Author :
English Title : Escaped Wife Of a Typrant CEO
English Translation; Wordrain69
Mm Title; အာဏာရှင် CEO ကြီး၏ဇနီး
ထွက်ပြေးပြီ
Mm Translated by Li_Soung_Oo
Date ; March 7, 2023
_____________________________

ဇူလိုင်လ လယ်တွင် , Qiu Li ရဲ့ ဒဏ်ရာက
အများကြီး ပိုကောင်းလာ၏ ။

သူက မူလအတိုင်း သန်မာတဲ့ အမျိုးသားတစ်ဦးပါပဲ ။

ဇူလိုင်လဟာ အပူဆုံးလဖြစ်ပြီး Nuonuo
အပြင်မထွက်ချင်ပေ ။ သူမရဲ့ ရှည်လျားတဲ့
ဆံပင်တစ်ဝက်က သူမ ပခုံးများပေါ် ညင်သာ
စွာ ကျနေပြီး သူမက music အခန်းထဲတွင်
တင်ပျဉ်ခွေ ထိုင်နေခဲ့တယ် ။ Nuonuo က
ဖုန်းပေါ်မှ မက်ဆေ့ကို မျက်မှောင်ကြုတ်
လိုက်တယ် ။ သူမက တံခါးကို ပိတ်ပစ်
လိုက်တယ် ။

သူမက တစ်စုံတစ်ခု ကိုရှာဖို့ သူမ ဖုန်းကို အသုံးပြုခဲ့တယ် ။ Qiu Li က ချမ်းသာတယ် ,
ဒီအချိန်အတောအတွင်း ဗီလာ၌ ,သူမက
အစားအသောက်  နဲ့ အဝတ်အထည်ကို
ပူပန်သောက မများရဘဲ Qiu Li ကလဲ
သူမကို အရမ်းကောင်းတယ် ။
သို့သော် Nuonuo က သူမ ဘယ်သူလဲဆိုတာ
မမေ့ဘူး ။ လတစ်ဝက် မေ့မြောမူက သူမ
မိဘတွေကို စိုးရိမ်ပူပန်ရအောင် ပြုလုပ်ခဲ့
တယ် ။ သူမ မိသားစုက သူမကို စိုးရိမ်နေဆဲ
ဖြစ်ကြောင်း သူမ သိခဲ့တယ် ။

သူမ သိချင်မိတယ် , မတိုင်မီက သူမက
ဘာကြောင့် လဝက် ထိအောင်
မေ့မြောနေရတာလဲ ။

သို့သော် , သူမက နလပိန်းတုံး ဖြစ်နေတယ်။
သူမ အိမ်ပြန်လမ်းကို ပဲ ရှာနိုင်တယ် ။
ဝမ်းနည်းစရာကောင်းတာက , အွန်လိုင်း
ကြော်ငြာ တွေအများကြီးရှိပြီး မြင်သာနေတဲ့
လိမ်ညာမူ အမြောက်အများ ရှိနေတယ် ။

Nuonuo က မူးဝေနေအောင် ကြည့်ခဲ့ပြီး
မလွဲဧကန် ဝမ်းနည်းစရာပင် ။

Qiu Li က တကယ့်စင်စစ် စီးပွားရေး ပါရမီရှင်
တစ်ဦးပဲ ။

သို့သော် သူက ဘဝမှာ စိတ်ဝင်စားမူ
အမြောက်အများ နှင့် အမျိုးသားတစ်ဦး
မဟုတ်သလို သူက romantic လဲ မဟုတ်ဘူး။

တိုးတတ်မူကို အတည်ပြုဖို့ Zheng Wenwen
က သုံးရက် တစ်ကြိမ် လာတယ် ။
သူမ ဘဏ်ထဲက မရေမတွက် နိုင်တဲ့ သုည
များနှင့် ရုံးခန်းထဲတွင် ထိုင်နေသော နှင်းခဲ
အမျိုးသားကို သူမတွေးလိုက်တဲ့အခါ ,
သူမက ဂရုတစိုက် အဆိုပြုခဲ့တယ် ,
" ဒီအသက်အရွယ်က , တစ်ချိန်လုံး အိမ်မှာ
နေဖို့ ပျင်းမှာ မဟုတ်ဘူးလား ?
CEO Qiu သူမကို အပြင်ခေါ်သွားပေးနိုင်လား?"

✔အာဏာရှင်CEOကြီး၏ဇနီးထွက်ပြေးသွားပြီ《MM Translation》Where stories live. Discover now