Chapter 181 - Chapter 182

2.2K 192 20
                                    

Chapter 181

Associated  Title : 穿成霸总小逃妻
Author : 藤萝为枝
English Title : Escaped Wife Of a Typrant CEO
English Translation; Wordrain69
Mm Title; အာဏာရှင် CEO ကြီး၏ဇနီး
ထွက်ပြေးပြီ
Mm Translated by Li_Soung_Oo
Date ; March 13, 2023
_____________________________


ထိုနွေရာသီက ပန်းတွေနဲ့ ပြည့်နေတယ် ။

သူမ ပတ်ဝန်းကျင်မှာ နွေးထွေးပြီး ချိုမြိန်တဲ့
ရနံ့လေးတစ်ခုရှိတယ် ။

သူ ထိုမျက်လုံးတွေထဲကို ကြည့်လိုက်ပြီး ,
သူ့ရင်ဘက်ထဲက တည်ငြိမ်နေတဲ့ နှလုံးသား
က တဖြည်းဖြည်း, တဖြည်းဖြည်း လူပ်ခက်
လာတယ် ။

Nuonuo က တံခါးကို မဖွင့်နိုင်ဘူး ,
သူမ မျက်ရည်တွေကို သုတ်ပြီး Tao Zui ကို
ရှာဖို့ အောက်ထပ်ကို အမြန်သွားလိုက်တယ်။

Tao Zui ကို ချည်ထားခဲ့ပြီး သူက Nuonuo
လာနေတာကို မြင်တဲ့အခါ သူ့မျက်လုံးတွေ
ကို မတင်လိုက်တယ် ။ သူက အရမ်း
စိတ်လူပ်ရှားနေခဲ့ပြီး ,
" အစ်ကို Qiu က ငါ့ကို မသတ်တော့ဘူးလား?"

Nuonuo က သူနဲ့ စကားပြောဖို့ အချိန်မရှိဘဲ ,
Xue San ကို ပြောလိုက်တယ် ,
" ဥယျာဉ်အသေးလေးထဲက အဆောက်
အဦးရဲ့ ထိပ်ပေါ်မှာ Qiu Li ရှိနေတယ် ။ သူက တံခါးကိုပိတ်ထားတယ် ။ ကျွန်မ အထဲမဝင်နိုင်ဘူး။အဲ့ဒါက အခု အရမ်း အန္တရာယ်များတယ် "

Xue San က ခဏလောက် အံ့အားသင့်ထိတ်လန့် သွားပြီး လူတွေခေါ်ကာ အမြန်တတ်သွားခဲ့
တယ် ။

Nuonuo က Tao Zui ကို ကြည့်ပြီး သူ့အား
ကြိုးအထုံးဖြည်ပေးဖို့ စတင်လိုက်တယ် ။

သူ့ဘေးမှ အစောင့်အကြပ်က သူမကို
လျင်မြန်စွာ တားမြစ်လာခဲ့သည် ,
" မစ် !"

Nuonuo ပြောလိုက်တယ် ,
" သူ့ကို လွှတ်ပေးလိုက်ဖို့ Qiu Li ကျွန်မကို
ပြောတယ် ။ မဟုတ်ရင် , အကျိုးဆက်အားလုံး
ကို ကျွန်မတာဝန်ယူပါမယ် "

အရေးကြီးတဲ့ သေရေးရှင်ရေး အခိုက်အတန့်
မှာ ဒီ နူးညံ့တဲ့ မိန်းကလေးက အရမ်း အကူအညီဖြစ်တယ်လို့ Tao Zui ခံစားရပြီး အချိန်ဆွဲ
မနေတော့ဘူး ။ သူ့လက်နှင့် ခြေထောက်များ
လျော့သွားသည်နှင့် တစ်ပြိုင်နက် Nuonuo က
သူ့လက်မောင်းကို ဆုပ်ကိုင်လိုက်ပြီး ,
" Tao Zui , ကျွန်မ အိမ်ပြန်ရဖို့က သူ့ရဲ့
သေဆုံးခြင်းအပေါ် မူတည်တယ်လို့
Qiu Li ကပြောတယ် ။ အဲ့ဒါ အမှန်ပဲလား ?"

✔အာဏာရှင်CEOကြီး၏ဇနီးထွက်ပြေးသွားပြီ《MM Translation》Where stories live. Discover now