Chapter 71

3.4K 362 2
                                    

Zawgyi //

Associated  Title:穿成霸总小逃妻
Author:藤萝为枝
English Title:Escaped Wife Of a Typrant CEO
English Translation; Wordrain69

Myanmar Title; အာဏာရှင်​ CEO ကြီး၏ဇနီးထွက်​​ပြေးပြီ

Mm Translated by @Li_Soung_Oo
Date ; August 9 , 2022

=========================

နောက်​ပိုင်းတွင်​ Nuonuo က အမျိုးသမီးအား
သူမကို ဘာ​ကြောင့်​ သင်​​ပေးခဲ့တာလဲ ဟု
မေးခဲ့တယ်​ ။ အမျိုးသမီး က ပြုံးလိုက်ပြီး
နောက်​သို့မှီကာ ​ပြောလာတယ်​ ,
" ဒီအမျိုးသမီး အိုကြီးက အလှအပကို
မြတ်​နိုးတယ်​​လေ .., ဒီ​နှစ်​​တွေထဲ
ငါမြင်​ဖူးသမျှ ​တွေထဲမှာ မင်းက အလှဆုံး
သူပဲ "

ဒါ့​ကြောင့်​ ဒီ အလှ​လေးရဲ့ မျက်​နှာကို
သူမ ​နေ့တိုင်း မြင်​ချင်​ခဲ့တယ်​ ။

Nuonuo  ဟာ ဝတ္ထုထဲသို့ ဒုတိယအကြိမ်
ရောက်​လာချိန်​မှာ သူမ သင်​ယူခဲ့​သော
ကျွမ်းကျင်​မူ က သူမရဲ့ ဘဝကို ကယ်​တင်
ခဲ့တယ်​  ။

Nuonuo က သူမရဲ့ ​ခေါင်းကို လှည့်​ပြီး
Qiu Li ကို ကြည့်​လိုက်​တယ်​ ။

ဒီအချိန်​တွင်​ သူမ စာအုပ်​ထဲ​ရောက်​​နေသည်
မှာ နှစ်​လရှိပြီ ..., တကယ်​​တော့ Nuonuo
ဟာ ထိုညက သူမကို သတ်​ခဲ့​သော လူနှင့်
Qiu Li ကို တဖြည်းဖြည်း ယှဉ်​ကြည့်​လို့
မရ​တော့​​ပေ ။

ထိုမိုးရွာ​နေ​သောညနှင့်​ ထို​ကြောက်​မက်​ဖွယ်
ဖိအားကို သူမ မှတ်​မိတယ်​ ။

အမျိုးသား၏ ​အေးစက်​ပြီး စိတ်​လူပ်​ရှား​နေ
တဲ့ မျက်​လုံး​တွေနှင့်
သူမ၏ မျက်​နှာ​ပေါ်တွင်​ စူးစိုက်​​နေ​သော
မိုး​ရေစက်​​တွေ...။

သို့​သော်​ နှစ်​လကြာပြီး​နောက်​မှာ​တော့
တူညီ​တဲ့ အမျိုးသား ဟာ မ​တော်​တဆ
သူမပါးပြင်​​ပေါ်သို့ ကျ​ရောက်​​​သော ​သွေးကို
သုတ်​ပစ်​​ခဲ့တယ်​ ။ သူမဟာ လူအများကြီး
ရှေ့မှာ သူ့ကို ရိုက်​ခဲ့​ပင်​မဲ့ 
သူက အဲ့ဒါကို ​ပြောဖို့ မ​ရွေးချယ်​ ခဲ့ဘူး ။

သူက သူမကို သတ်​ဖို့ ဝန်​​လေး​နေတယ်​လို့
သူ​ပြောခဲ့တယ်​ ...။

ဝန်​​လေးတယ်​ ?

ဒါ​ပေမဲ့ အဲ့ညက သူ သူမကို ဘာလို့ သတ်​တာ
လဲ ?

✔အာဏာရှင်CEOကြီး၏ဇနီးထွက်ပြေးသွားပြီ《MM Translation》Where stories live. Discover now