Chapter Three: : Eaint Myat Chal

7K 75 0
                                    

Chapter Three:              : Eaint Myat Chal
 
 
သန့်ဇင်ကို ၊ မျိုးမင်းထက်နှင့် အောင်အောင်ဦးတို့ သူငယ်ချင်းသုံးယောက် ကျောင်းအုပ်ကြီး ရုံးခန်းသို့ အလည်အပတ် ရောက်ရှိနေကြသည် ၊ ကျန်နှစ်ယောက်အတွက် ဒီရုံးခန်းနှင့် ရင်းနှီးပြီးသားဖြစ်သော်လည်း လူပေါင်းမှားသည့် လူလိမ္မာလေး အောင်အောင်ဦး အတွက်မူ အသစ်အဆန်းဖြစ်နေသည်။
 

လွန်ခဲ့တဲ့ဆယ်မိနစ်လောက်တုံးက သုံးယောက်လုံး၏ တင်ပါးကို ရုံးခန်းထဲတွင်ရှိသော ဂန္တဝင် ကြိမ်လုံးနှင့် ငါးချက်စီ မိတ်ဆက်ပေးပြီးဖြစ်သည် ၊ အောင်အောင်ဦးက အရိုက်ခံ​နေကြ မဟုတ်သဖြင့် ကြိမ်းစပ်ဖြင်းနေသော ဖင်ကိုလက်ဖြင့်ပွတ်သတ်နေပြီး နောက်လက်တစ်ဖက် ကတော့ ပုဆိုးအကွဲ မပေါ်အောင် ပေါင်ကြားထဲ အတင်းထိုးထည့်နေသည်။

ကျောင်းအုပ်ဆရာမကြီးက သူတို့သုံးယောက်ကို စိတ်ပျက်အားလျော့စွာကြည့်ရင်း လက်ခါပြကာ......

“ မင်းတို့ကို ငါဘာမှမပြောချင်တော့ဖူး ၊ အတန်းကိုပြန်ကြတော့....မင်းတို့အတန်းပိုင်က ဘယ်သူလဲ”

“ဆရာမ...ဒေါ်ဝါဝါသိန်း”

“ဒေါ်ဝါဝါသိန်းလည်း မင်းတို့လက်ထက်ကြမှ နာမည်ပျက်ရတော့မယ် ၊ ဟဲ့...ဟိုကောင်လေး”

“ဗျာ…”

“ မင်းတို့နှစ်ယောက်ကိုခေါ်တာမဟုတ်ဖူး ၊ အောင်အောင်ဦးကိုခေါ်တာ”

“ ဟုတ်ကဲ့...ဆရာမကြီး”

“အေး....မင်းဒီနှစ်ကောာင်နဲ့ ကြပ်ကြပ်ပေါင်း ၊ နောက်ဆို ဒုက္ခတွေ့လိမ့်မယ် သိလား ပြီးတော့ ရှစ်တန်းကအစိုးရစစ်....ဒီနှစ်မေးခွန်းခက်မယ်ပြောတယ်.....မင်းတို့ကောင်တွေကွာ ၊ အိမ်က မင်းတို့ မိဘတွေက တစ်နေကုန်ရုန်းကန်ပြီး ကျောင်းထားကြရတာ.....မင်းတို့ကတော့ ပျော်လို့ကောင်းနေတယ်ပေါ့...ဟုတ်လား”

“မဟုတ်ပါဖူး ဆရာမကြီး”

“ပြီးတော့ဟိုနှစ်ကောင် ၊ ဒီနှစ်ထဲ အတန်းကြီးလာလို့ လိမ္မာသွားပြီလား အောက်မေ့တာ..... ငါ့ရုံးခန်းကို တစ်နှစ်ကို အနည်းဆုံးနှစ်ခေါက်မှမလာရရင် မနေနိုင်ကြဖူးလား.... အေး ဒီတစ်ခေါက်တော့ လွှတ်ပေးလိုက်မယ် ၊ နောက်တစ်ခေါက်ဆိုရင် မင်းတို့မိဘတွေ ကျောင်းခေါ်လာခိုင်းပြီး လက်မှတ်ထိုးခိုင်းမယ်....ကြားလား”

When we were young Where stories live. Discover now