Chapter Eleven: : Love Lessons of Ma Han Ni ( Part - 1 )

6.5K 41 4
                                    

Chapter Eleven:              : Love Lessons of Ma Han Ni ( Part – 1 )

 
 
သန့်ဇင်ကိုတစ်ယောက် ကျောင်းကပြန်အလာ ညနေခင်းကျူရှင်ချိန်တွင် အခါတိုင်းလို အိပ်မငိုက်ပဲ ဆရာသင်သမျှကို လိုက်လံအော်မှတ်ရင်း စာကြိုးစားနေသည် ။

ယခုလို ကျောင်းသားများ တက်ကြွနေကြခြင်းမှာ သောက်ကြာနေ့အတွက် နောက်ဆုံးကျူရှင်ချိန် ဖြစ်သောကြောင့်ပင် ဖြစ်လိမ့်မည်.....

ဒီတစ်ချိန်ပြီးလျင် အိမ်ပြန်နားရတော့မည် မဟုတ်လော ၊ မနက်ဖြန်လည်း ကျောင်းပိတ်ရက်ဖြစ်သောကြောင့် မနက်ခင်းပိုင်း အစောတစ်ချိန် ရှိသော်လည်း နေ့ခင်းပိုင်းတွင် အေးအေးဆေးဆေး နားနားနေနေ နေရုံပင်..........
 

ကျူရှင်မှသင်သမျှကို တက်ကြွစွာအော်ပြီး အိမ်ပြန်အလာတွင် အသံတောင် ဝင်ချင်နေလေပြီ။

အိမ်ကိုပြန်ရောက်တော့ အခါတိုင်းလိုပင် သန့်ဇင်ကိုက.....

“အမေ့......သားအိမ်ပြန်ရောက်ပြီနော်”ဟု အော်ပြောလိုက်သည် ။

အမေဖြစ်သူက....

“သား....လွယ်အိတ်ချပြီး အပေါ်ထပ်တက်လာဦး”

“ဟုတ်ကဲ့အမေ...လာပြီး ၊ ရေသောက်လိုက်ဦးမယ်”

“အေး...မြန်မြန်လာ”

 
သန့်ဇင်ကိုလည်း ရေအိုးစင်ထဲက ရေတစ်ခွက်အပြည့်ထည့်ကာ သောက်လိုက်ပြီး အိမ်ပေါ်သို့ တက်လာခဲ့လိုက်သည် ။

အပေါ်ထပ်က သူ့အခန်းထဲတွင် အမေက အိပ်ယာခင်းလဲပြီး ခြင်ထောင်အသစ်ထောင်နေသည်ကို တွေ့လိုက်ရသည်........

“သား....ခြေရင်းက ခြင်ထောင်ကြိုးလေးချည်ပေးပါဦး ၊ အမေ မမှီလို့”

“ဟုတ်ကဲ့...အမေ့ ၊ အိပ်ရာက သားအတွက်လား..... ဧည့်သည်လာမှာမလို့လား”

“အော်...အေး မင်းကိုမပြောရသေးဖူး ၊ မဟန်နီ ဒီကိုခဏလာနေမလို့”

“အင်း....ဘယ်လိုဖြစ်လို့လဲ”

“ဆေးရုံကပေးတဲ့ သူ့တိုက်ခန်းက ကြာနေပြီဆိုတော့ အပေါ်က အုပ်ကြွတ်တွေက မလုံတော့လို့ ရေယိုနေတာ.....အဲ့တာ ပြန်ပြင်ပေးနေတုန်း နှစ်ရက်သုံးရက်လောက် ဒီလာနေမှာ”

When we were young Where stories live. Discover now