Chapter Twenty-eight: : Let Her Go

3.9K 46 3
                                    

Chapter Twenty-eight:                   : Let Her Go

 

သန့်ဇင်ကိုသည် အိမ့်မျက်ချယ်နှင့် နှစ်ဦးသဘောတူ လမ်းခွဲခဲ့သည်မှာ တစ်နှစ်ခန့်ပင် ရှိခဲ့လေပြီ။

သူမအား အမြဲတမ်းလိုလို သတိရမိသော်လည်း အပြစ်မရှိ အပြစ်ရှာပြီး ထားသွားခဲ့သည့် အတွက် စိတ်လည်းနာမိသည်။

တစ်ခါတစ်ရံကြတော့လည်း သူမအဆင်ပြေလား....နေကောင်းလာဟု သိချင်သဖြင့် Messenger မှ သွားပြီးစကားပြောဖြစ်သည်။

သူမနှင့် အရင်လို တရင်းတနှီး စကားမပြော ဖြစ်တော့သော်လည်း မေးထူးခေါ်ပြော အဆင့်တော့ ရှိသေးလေသည်။

သန့်ဇင်ကိုရော သူမပါ ကိုယ့်အလုပ်နှင့်ကိုယ် ရှုပ်နေကြပြီဖြစ်၍ ကျောင်းသားဘဝတုန်းကလို Social Media ပေါ်တွင် Active သိပ်မဖြစ်တော့ချေ။

တစ်ခါတစ်လေ သူမသူငယ်ချင်းများနှင့် ပျော်ရွှင်စွာ ရိုက်ထားသည့် ဓာတ်ပုံများကို တွေ့သောအခါတွင် သန့်ဇင်ကို မနာလို ဖြစ်မိသည်။

 
အဘယ့်ကြောင့်ဆိုသော် သူနှစ်နှစ်ချိုက်ချိုက် ပျော်ရွင်ခဲ့သည်မှာ ဘယ်တုန်းက နောက်ဆုံးမှန်းပင် မသိတော့ကြောင့်ပင်။

လုပ်ငန်းခွင်တွင် အလုပ်သဘောအရ ပြုံးရယ်စွာ နှုတ်ခွန်းဆက်ကြရသော်လည်း ရင်ထဲက နှစ်လိုမှု မရှိသဖြင့် စီးပွားရေးဆန်သော အပြုံးအတုနှင့် ပျော်ရွင်ဟန်ဆောင်မှု သက်သက်သာ ကျန်ရစ်ခဲ့သည်။

ဆယ်ကျော်သက်အရွယ်တုန်းက လူကြီး သိပ်ဖြစ်ချင်ခဲ့သော်လည်း အသက်နှစ်ဆယ်ကျော် လူရွယ်ပိုင်း ရောက်လာသောအခါတွင် စိတ်ကူးထားသလို ပျော်ရွင်ဖွယ် မကောင်းချေ။

အသက်အရွယ် ကြီးပြင်းလာမှုနောက်တွင် အငယ်တုန်းက မရရှိခဲ့သော အခွင့်အရေးများနှင့် တကွ အနောက်တွင် တာဝန်ယူမှုများကပါ ကပ်လိုက်ပြီး ပါလာတော့သည်။

သန့်ဇင်ကိုသည် မနက်ခင်းစောစော၌ အိမ်ခြံဝန်းထဲရှိ အမေ့၏ ပန်းပင်များကို ရေလောင်းပေးရင်း အတွေးနယ်ချဲ့နေမိသည်။

အမေဖြစ်သူသည် ပင်စင်ယူပြီးနောက်ပိုင်း ခြံဝန်းထဲတွင် သီးပင်စားပင်များနှင့် ပန်းပင်အချို့ကို စိုက်ပြီး အနားယူနေ​တော့သည်။

When we were young Where stories live. Discover now