Chapter Fifteen : : ဒဿမတန်း

3.9K 46 13
                                    

Chapter Fifteen :                   : ဒဿမတန်း

 
သန့်ဇင်ကိုတစ်ယောက် အိမ့်မျက်ချယ်အား ရည်းစားစကားပြောပြီးသည့် နောက်ပိုင်း အချိန်သည် စာမေးပွဲအတွက် စာကျက်ရင်း ၊ စာတွက်ရင်းဖြင့် ရီမုဒ် ကွန်ထရိုးနှင့် x16 ဆလောက်ရစ်လိုက်သည့်သဖွယ် လျင်မြန်စွာ ကုန်ဆုံးသွားသည်။

 
ဒီနှစ်နောက်ဆုံးစာမေးပွဲတွင်တော့ မျက်ချယ်နှင့် အခန်းတူသဖြင့် မဖြေခင်စပ်ကြား စာတွေပိုင်ပြီလားဟု သွားမေးခြင်း အခန်းထဲကဖြေပြီး ထွက်လာသည့်အချိန်တွင် ဖြေနိုင်တယ်မလားဟု မေးမြန်းရသည် ၊ စာမေးပွဲနောက်ဆုံးရက် Bio ဖြေပြီးသည့် အချိန်တွင်လည်း သူမအနားသို့သွားပြီး နှုတ်ဆက်လိုက်သေးသည်။
 

၉ တန်းစာမေးပွဲဖြေပြီးသည့် နွေရာသီကျောင်းပိတ်ရက်သည် အရင်နှစ်ကလောက် မသာယာနိုင်တော့ချေ။

အကြောင်းမှာ ဘဝရဲ့တစ်ဆစ်ချိုးဟု လူကြီးသူမတွေယူဆကြသည့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ဒဿမတန်း ( ၁၀ တန်း) အတွက် နွေရာသီ ကျောင်းပိတ်ရက်ကတည်းက ကြိုတင်ပြင်ဆင်ကြရ၍ ဖြစ်လေသည်။
 

သန့်ဇင်မှာ နောက်ဆုံးစာမေးပွဲဖြေပြီး အိမ်တွင် တစ်ပတ်ပြည့်အောင်ပင် မနားလိုက်ရချေ ၊ ခြောက်ရက်မြောက်နေ့တွင် အိမ်ရှိအထုတ်အပိုးများပြင်ပြီး ဘော်ဒါဆောင်သို့ ညအိပ်ညနေ စာသင်ရန်ပို့လိုက်သောကြောင့် ဖြစ်သည်။

၉ တန်းနှစ်တုန်းက ကျူရှင် တက်ခဲ့သည့် ဘော်ဒါဆောင်တွင်ပင် ညအိပ်ညနေနေပြီး စာသင်ရလေသည်။
 

ဘော်ဒါဆောင်သို့ ရောက်ရောက်ချင်းကာလများတွင် အိမ်နှင့်မခွဲစဖူး ခွဲရသဖြင့် စိတ်ထဲတစ်မျိုးတမည် ခံစားရသော်လည်း အဆောင်နေသူငယ်ချင်းများနှင့် ခင်မင်သွားသော အခါတွင် နေပျော်လာသည်။

အောင်အောင်ဦးသည်လည်း သန့်ဇင်ကိုတက်သည့် ဘော်ဒါဆောင်သို့ ပြောင်းလာသဖြင့် နှစ်ယောက်သား အဖော်ရသွား​ကြသည်။
 

စာသင်သည့်ဆရာများက ဆယ်တန်းကျောင်းသားမဖြစ်ခင် နွေရာသီကတည်းကပင် အသေမောင်းတော့သည်။

When we were young Where stories live. Discover now