Chapter Eighteen : : Bagan Trip

5.6K 35 3
                                    

Chapter Eighteen :                     : Bagan Trip
 
 
“အောင်အောင်ဦး....ဟေ့ရောင် ၊ ငါဘယ်ဖုန်းယူရင်ကောင်းမလဲ”

“မသိဖူးလေကွာ...ငါလည်း ဖုန်းမှမဝယ်ဖူးတာ”

“ဟိုအမ...ဒီစခရင်နည်းနည်းကြီးတာထဲက တစ်ချက်ပြပေးပါလား”

“အင်း...မောင်လေး ၊ ဒီကောင်က နည်းနည်းပိုကျယ်တယ်...အကြမ်းလည်းခံတယ်”

“ဘာမော်ဒယ်လဲဗျ”

“တရုတ်... ဟာဝေးဖုန်းပဲ ( G – 610 ) ”

“ စျေးကရော ဘယ်လောက်ရှိလဲ”

“....ခဏနော် မောင်နှစ်သိန်းမပြည့်တပြည့်လေးပဲလေး စျေးကြည့်ပေးမယ်...အင်း တစ်သိန်းနဲ့ *****”

“အော်ဟုတ်...အဲ့တာလေးပဲယူလိုက်မယ်”

“မောင်လေး မန်မိုရီကဒ်ရော ဝယ်ဦးမလား”

“ဟုတ်.... 16 gb ကဘယ်လောက်လဲ”

“ ခုနှစ်ထောင့်ငါးရာ...ယူမလား ၊ သူက တစ်သက်တာအာမခံရှိတယ်”

“အော်...ဟုတ် ယူလိုက်ပါ့မယ်”

“ ဖုန်းကဒ်ကရော.... တစ်ခါထည်းထည့်သွားမှာလား”

“မေ့လို့...ကျွန်တော်ပါလာတယ် ၊ ထည့်ပေးပါဦး”

“ဟုတ်ပြီ...ဟုတ်ပြီ ၊ ဖုန်းကာဗာနဲ့ မှန်အပေါ်ကပ်တဲ့ဟာတော့ အမတို့ဆိုင်ကနေ လက်ဆောင် ပေးလိုက်မယ်နော်....လိုချင်တဲ့ကာဗာ ရွေးလိုက်ပါဦး”

“ဟုတ်...”

 
သန့်ဇင်ကိုသည် အရင်တစ်ပတ်က ရက်ကွက်ရုံးတွင် စာရင်းသွင်းပြီး ဝယ်ယူခဲ့သည့် ထောင့်ငါးရာတန် MPT sim card ကို ဖုန်းထဲသို့ ချိုးပြီးထည့်ရန် ပေးလိုက်ပြီးနောက် သူလိုချင်သည့် ကာဗာဒီဇိုင်းကို ရွေးချယ်နေသည်။

သူနှင့်အတူပါလာသည့် အောင်အောင်ဦးကတော့ မှန်ကောင်တာထဲတွင် ထည့်ထားသည့် ဖုန်းအမျိုးမျိုးကို လျောက်ငေးကြည့်နေလေသည်။
 

သန့်ဇင်ကို ကာဗာရွေးပြီးသောအခါ ဆိုင်ရှင်အမကြီးက ဖုန်းအတွက်လိုအပ်သည့် Application တွေ သွင်းပေးမည်ဟုပြောပြီး ခဏစောင့်ခိုင်းသည် ၊ သီချင်းလည်း သွင်းပေးသည်ဟု ပြော၍ သူကြိုက်နှစ်သက်သော တေးစီးရီး နှစ်ခွေသုံးခွေ သွင်းခိုင်းလိုက်သည်။

When we were young Where stories live. Discover now