Chapter Nineteen: : Happy Valentine's Day

4.6K 37 1
                                    

Chapter Nineteen:                     : Happy Valentine's Day
 
 
 
 
သန့်ဇင်ကိုတစ်ယောက် ကုတင်အောက်ရှိ သံသတ္တာသော့ကိုဖွင့်ပြီး တစ်ခုခုကို အပူတပြင်း လိုက်ရှာနေသည် ၊ မျက်နှာချင်းဆိုင် ကုတင်ပေါ်တွင် ထိုင်ကြည့်နေသည့် အောင်အောင်ဦးက သူ့သူငယ်ချင်းဘာလုပ်နေတာလဲဟု မျက်တောင်မခတ်စတမ်း ကြည့်နေသည် ၊ အောင်အောင်ဦးက...

 
“သန့်ဇင်....ဘာတွေအဲ့လောက်ရှာနေတာလဲ”

“အရင်လတုန်းက ငါမသုံးပဲစုထားတဲ့ ပိုက်ဆံသုံးသောင်းကို ဘယ်ပုဆိုးကြားထဲ ညှပ်မိမှန်း မသိတော့လို့ ရှာနေတာ”

“ချစ်သူများနေ့ နီးပြီဆိုတော့ ဘက်ဂျက်ရှာရပြီပေါ့”

“အဲ့နေ့အတွက်ပဲ စုထားတာကွ ၊ လဖွတ်....မရှာရင်ကြတွေ့တွေ့နေတာ...အော တွေ့ပြီ”

“ရည်းစားရှိတဲ့သူတွေများ အပူအပင်တွေများချက်....ကျွတ်...ကျွတ်”

“မင်းလည်း စော်ထားတော့လေကွာ ၊ တက္ကသိုလ်ပဲရောက်နေပြီ... မင်းအဒေါ်တွေ ဘာမှ မပြောလောက်တော့ပါဖူး”

“တော်ပါ....ငါမထားချင်သေးပါဖူး”

“ငါတို့ကျောင်းမှာလည်း စော်လန်းလန်းလေးတွေရှိပါတယ် ၊ ချိတ်ပေးရမလား”

“ငါစိတ်မဝင်စားဖူး...”

“ဒါဆို မင်းကဘာစိတ်ဝင်စားတာလဲကွ”

“ငါ မျိုးမင်းထက်ရော...မင်းရော လူစုံတဲ့အခေါက်မှ ပြောပြပါတော့မယ်...ဒါနဲ့ မျက်ချယ်ကို ဘာပေးမှာလဲ”

“သူကတော့ အရုပ်မလိုချင်ဖူးလို့ပြောတယ်ကွ ၊ ငါလည်း ဘာပေးရမလဲ မသိသေးဖူး”

“သူ့အတွက် အင်္ကျီတို့ဘာတို့ရော...ဖိနပ်တို့ နှုတ်ခမ်းနီတို့”

“အင်း.... V day ဆိုတော့ အဓိကအနေနဲ့ ချောကလက် ကောင်းကောင်းလေး ဝယ်ကျွေးချင်တယ် ၊ ပိုတဲ့ဟာတော့ ဆင်တူ အင်္ကျီဝယ်ရင်ကောင်းမလားလို့ပဲ”

“အင်း...မဆိုးပါဖူးလေ ၊ V day က စနေနေ့ကြတယ်နော်...တော်သေးတာပေါ့... မဟုတ်ရင် ကျောင်းဝန်းထဲအတွဲတွေ ဗလပွဖြစ်နေမှာ...မင်းရော မန်းလေးတက်မှာလား”

When we were young Where stories live. Discover now