Chapter Thirteen: : သီဟဗလ
“ကလင်...ကလင်...ကလင်..လင်” ( ⏰⏰⏰)“ဂွပ်....အွန်း...ဝါး”
အွန်း.......ဝါး...ဒီနေ့တော့ မနေ့တုန်းကလို အိပ်ယာထဲနှပ်နေ၍မဖြစ်တော့ ၊ တနင်္လာနေ့ ဖြစ်သည့်အတွက် မနက်ခင်းကျူရှင်သွားရန် ထရပေလိမ့်အုံးမည် ။
မနေ့ညက မဟန်နီနှင့် ကုတင်ပေါ်တွင် စိတ်ရှိတိုင်း နှစ်ပါးသွားကလိုက်ရသဖြင့် တစ်ကိုယ်လုံး ညောင်းကိုက် နေသည်၊ အိပ်ချင်မူးတူးဖြင့် အိပ်ယာပေါ်တွင် ငါးမိနစ်ခန့် ငုတ်တုတ်ထိုင်ကာ မှိန်းနေပြီးနောက် အားပြန်တင်း၍ ထရလေတော့သည်။
မျက်နှာသစ်သွားတိုက်ပြီးတော့ ကျူရှင်သွားရန် အဝတ်အစားကိုကောက်ကပ်လဲပြီး အိမ်တံခါးပိတ်ကာ ထွက်လာခဲ့သည်။မဟန်နီကတော်တော်နှင့် နိုးမည့်ပုံမပေါ်သဖြင့် သူကိုယ်တိုင် ထမင်းအိုးတည်ခဲ့လိုက်သည်....အရေးထဲ ထမင်းပေါင်းအိုးက ခလုတ်လွတ်နေ သဖြင့် သွားကြားထိုးတံနှင့် ကလိလိုက်ရသေးသည် ။
ထို့ကြောင့်ကျူရှင်သို့ ဆရာမရောက်ခင် စာသင်ချိန်အမှီလေးမှ ရောက်ရှိသွားတော့လေသည်။
ကျူရှင်ကပြန်လာပြီး အိမ်ကိုရောက်တော့ ၈နာရီ ၁၀မိနစ် ရှိနေပြီဖြစ်သည် ။
စက်ဘီးကို ဒေါက်ထောက်ပြီး အိမ်ထဲသို့ဝင်မြည်အပြုတွင် မဟန်နီက မီးဖိုချောင်ထဲကနေ ရေးကြီးသုတ်ပြာနှင့် ထွက်ချလာလေသည်။
“အော....မောင်လေး ၊ ကျူရှင်ကပြန်လာပြီလား ကြောင်အိမ်ထဲမယ် မောင်လေးအတွက် အမ ကြက်ဥမွှေကြော်ထားတယ်....ထမင်းခူးစားလိုက်တော့နော”“အမရော စားပြီးပြီလား အတူတူစားမယ်လေ”
“အမက အိပ်ယာထနောက်ကြလို့ စားနှင့်ပြီ....ရေအမြန်ချိုးလိုက်ဦးမယ် ဘယ်နှစ်နာရီတောင် ရှိနေပြီလဲ”
“၈နာရီ ၁၅ လောက်ထင်တာပဲ”
“အင်း...အချိန်တော့ရပါသေးတယ် ၊ အမရေချိုးလိုက်ပါဦးမယ်...တစ်ယောက်ထည်း စားနှင့် တော့နော်”
“ဟုတ်....ဟုတ်”
သန့်ဇင်ကိုသည် ကျောပိုးအိတ်ကို ဧည့်ခန်းထဲက ထိုင်ခုံတစ်ခုတွင် ချထားခဲ့လိုက်ပြီး မီးဖိုချောင်ထဲသို့ဝင်ပြီး မနက်စာခူးစားသည် ။
YOU ARE READING
When we were young
Romanceကျွန်တော်တို့အားလုံး ဖြတ်ကျော်ခဲ့ဖူးတဲ့ ကျောင်းသားဘဝကနေ အစပြုကာ ဖြစ်ပေါ်လာတဲ့ ချစ်စရာကောင်းတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်။ ဂျစ်ကန်ကန် ကျောင်းသား ဆိုးပေလေး သန့်ဇင်ကို နဲ့ စာတော်ပြီး ဆရာများရဲ့ အချစ်တော် အိမ့်မျက်ချယ်တို့ရဲ့ ရင်ခုန်စရာ အဖြူစိမ်း ဘဝချိုချို။ W...