Chapter Ten: : ဖိုက်တင်ပလေးပွဲ

4.4K 50 0
                                    

Chapter Ten:                : ဖိုက်တင်ပလေးပွဲ


“ ဖျောက်....ဖျောက်...ဖျောက်...ဖျောက်...ဖျောက်”

“⛈⛈⛈⛈⛈⛈⛈⛈⛈⛈⛈⛈⛈⛈⛈⛈⛈⛈⛈”


သန့်ဇင်ကိုတို့၏ အိမ်ခေါင်မိုးပေါ်တွင် မိုးရေစက်များက တဖြောက်ဖြောက် ရွာသွန်းနေသည်။

အိုဟောင်းနေပြီဖြစ်သော အိမ်အိုလေး၏ သွပ်ပြားမှ မိုးယိုစိမ့်မှုကြောင့် သန့်ဇင်၏ မျက်နှာပေါ် ရေစက်များကျလာသဖြင့် အိပ်ပျော်နေရာမှ လန့်နိုးသွားသည် ။

ဘေးနားရှိ စားပွဲတင်နာရီလေးကိုကြည့်လိုက်တော့ ငါးနာရီခွဲသာ ရှိသေးသဖြင့် ရေမစိုစေရန် ခေါင်းအုံးကို ညာဖက်သို့ရွေ့လိုက်ပြီး စောင်ကို ခေါင်းမှီးခြုံကာ မိုးအေးအေးနှင့် ပုဇွန်ကွေး ကွေးအိပ်နေလိုက်သည် ။


“ကလင်....ကလင်...ကလင်...ကလင်..ကလင်”

“⏰⏰⏰⏰⏰⏰⏰⏰⏰⏰⏰”

“အွင်း.....”


သန့်ဇင်ကိုမထချင်သော်လည်း ကျူရှင်သွားရန် နိုးစက်ကမည်နေပြီဖြစ်၍ မထချင်ထချင်နှင့် ကုတင်ပေါ်ကဆင်းလိုက်ရသည် ။

မနက်ခင်း ဆောင်ရွက်စရာရှိသည်များကို မြန်မြန်ဆောင်ရွက်ပြီး ကျူရှင်နှင့် အိမ်ကသိပ်မဝေးသဖြင့် ထီးဆောင်းကာ ထွက်လာခဲ့ လိုက်သည် ။

ကျူရှင်မှာ စာသင်နေချိန်တွင်လည်း မိုးကပျင်းရိဖွယ်ကောင်းအောင် အုံ့မှိုင်းပြီး ရွာသွန်းနေဆဲပင်.......ရွှံ့တွေဗွက်အိုင်တွေ...စိုစိစိပျော့အိအိမြေကြီးများနှင့် သွားလာ၍ မကောင်းသော မိုးဥတုကို သန့်ဇင်ကိုမကြိုက်ချေ ။

စိတ်ရှိတိုင်းဆိုလျင် ဘယ်ကိုမှမသွားပဲ အိပ်ယာပေါ်မှာပင် ဇိမ်နှင့်နှပ်နေလိုက်ချင်သည်.....အခုတော့ ကျူရှင်ကဆရာသင်သမျှကို လက်ဝါးလေးအုပ်သမ်းပြီး သင်ယူနေရလေသည်။


ကျူရှင်ချိန်ပြီး၍ အိမ်တွင် မနက်စာထမင်းစားတော့ မိုးကစဲသွားသဖြင့် အနည်းငယ် စိတ်သက်သာရာ ရသွားသည် ။

ထမင်းစား....ကျောင်းဖြူကျောင်းစိမ်းလဲပြီး စက်ဘီးကို ထုတ်ကာကျောင်းသွားမည်အလုပ်တွင် မိုးစက်ပေါက်ကြီးများက ပို၍ပင် ရွာသွန်းလာပြန်သည် ၊ ကျောင်းသွားကျောင်းပြန်....ရုံးတက်ရုံးဆင်းသည့် အချိန်ကိုမှ ကွက်တိချိန်ကာ ရွာသွန်းတတ်သည့် မေမြို့မိုးကတော့ ထုံးစံအတိုင်း မိုးပေါ်ကနေ ကျလာပြန်လေပြီ။

When we were young Where stories live. Discover now