Chapter Twenty-four: : Friendship & Love

4.5K 41 5
                                    

Chapter Twenty-four:                  : Friendship & Love

 
 
သန့်ဇင်ကိုသည် အိမ်အပေါ်ထပ်ရှိ သူ၏ အခန်းဟောင်းလေးထဲသို့ ပြန်ရောက်နေသည်။

အိပ်ယာပေါ်တွင် လှဲအိပ်ရင်း အရင်တုန်းကအတိုင်း မပြောင်းလဲပဲ ကျန်ရှိနေသေးသည့် အခန်းအိုလေးကို ငေးကြည့်မိနေသည်။
 
ဒီအခန်းလေးတွင် ငယ်စဥ်က မျိုးမင်းထက်နှင့်အတူတူ ပါဝါရိမ်ဂျားအရုပ်များ ၊ စစ်သားအရုပ်များနှင့် အမျိုးစုံဆော့ခဲ့ဖူးသည် ၊ လူပျိုပေါက် ဖြစ်လာသော အခါတွင်လည်း ကာတွန်းစာအုပ်များ ဝတ္ထုများနှင့် အပြာစာအုပ်များကို အခန်းလေးထဲတွင် ခိုး၍ဖတ်ခဲ့ဖူးသည်။
 

သူတက္ကသိုလ်ရောက်နေစဥ် အချိန်အတွင်း အမေဖြစ်သူသည် အခန်းထဲသို့ မလိုအပ်သည့် ပစ္စည်းများကို သိမ်းဆည်းထားရာမှ အခန်းသည် ဂိုထောင်အသေးစားလေးသဖွယ် ဖြစ်နေသည် ၊ ဒါပေမယ့် အခန်းရဲ့ အနံ့အသက်ကတော့ အရင်တုန်းကအတိုင်းပင်။
 

အိပ်ယာပေါ်တွင် ပက်လက်လှန် လှဲနေရင်း ပျင်းလာသဖြင့် လွယ်အိတ်ထဲက Laptop ကို ကျောပိုးအိတ်ထဲကနေထုတ်ကာ စာကြည့်စားပွဲပေါ်တင်ပြီး ဖွင့်လိုက်သည် ၊ Laptopက Window တက်နေဆဲ အချိန်တွင် စားပွဲပေါ်၌ ထောင်ထားသော ဓာတ်ပုံကို ကြည့်မိလိုက်သည်။
 

ကနုတ်ပန်းများနှင့် လှပစွာ ဘောင်ခါတ်ထားသည့် သစ်သားဖရိန်ထဲတွင် အိမ့်မျက်ချယ်၏ ရယ်မောပြီး ငေးကြည့်နေသည့် ဓာတ်ပုံလေး ရှိသည် ၊ ဒီပုံလေးသည် သူတို့နှစ်ဦး၏ နှစ်နှစ်ပြည့် နှစ်ပတ်လည်နေ့တွင် ရိုက်ထားခဲ့ခြင်းဖြစ်ပြီး သူမဂျီကျသည့် မုန့်ကို သန့်ဇင်ကို ဝယ်ကျွေး၍ ပြုံးရယ်နေစဥ်တွင် အမိအရ ရိုက်ကူးထားနိုင်ခဲ့သည်။
 

သန့်ဇင်ကိုသည် Snapshoot နှင့် အမိဖမ်းထားသည့် သူ့မ၏ပုံရိပ်ကို သဘောကျ၍ ဓာတ်ပုံအဖြစ် ထုတ်လိုက်ပြီး ဘောင်ထဲတွင် ထည့်သွင်းထားခဲ့သည်။

ဓာတ်ပုံထဲတွင် သူ့ကိုကြည့်ပြီးပြုံးရယ်နေသည့် သူမ၏ပုံလေးမှာ အသက်ဝင်လွန်းလှ၍ သူကိုယ်တိုင်ပင် ပြုံးရယ်မိသွားသည်။
 

Laptop ပွင့်လာသောအခါတွင် သန့်ဇင်ကိုသည် သူ၏ Coding လေ့ကျင့်ခန်းတချို့ကို ပြန်လည် လေ့ကျင့်နေလိုက်သည် ၊ ကွန်ပျူတာ တက္ကသိုလ်ကျောင်းသား ဖြစ်ခဲ့သည်မှာ သုံးနှစ် ရှိခဲ့ပြီဖြစ်၍ ကွန်ပျူတာနှင့်ပါတ်သတ်သော Software ပိုင်းရော Hardware အပိုင်းပါ အတော်လေး နှံ့စပ်အောင် ကျွမ်းကျင်နေလေပြီ။
 

When we were young Where stories live. Discover now