Chapter Five: : အတွဲချောင်းကြသူများ
ဒီနေ့သည် စနေနေ့ဖြစ်၍ သန့်ဇင်ကိုတစ်ယောက် အပျင်းကြောဆွဲပြီး မနက် ၇နာရီခွဲမှ အိပ်ရာမှထသည် ။
သူအိပ်ရာထနောက်ကြ၍ အဖိုးဖြစ်သူက ပွစိပွစိနှင့် ဆူငေါက်ခြင်းကို ခံရသေးသည်..... အမေက “ ကျောင်းပိတ်ရက်ပဲဟာ အိပ်ပါစေအဖေကလည်း” ဟူ၍ သူ့ဖက်မှ ကာကွယ်ပြီး အဖိုးကိုပြန်ပြောပေးရှာသည်။
စောစောအိပ် စောစောထ ဟူသည့် ဆောင်ပုဒ်အား လက်ကိုင်စွဲထားသည့် ရှေးရိုးစွဲအဖိုးကတော့ မနက်စာထမင်းစားတဲ့အထိ တဖွဖွပြော၍ ကောင်းနေဆဲ......
သန့်ဇင်ကိုအတွက်ကတော့ ဒီစကားတွေကြားရသည်မှာ ရိုးအီနေပြီဖြစ်၍ သိပ်မထူးဆန်းတော့ချေ ၊ သူလည်းပြောချင်ရာပြော ကိုယ်လည်းလုပ်ချင်ရာလုပ် ဟူ၍ ခံယူထားသည်။
မနက်စာစားပြီးတော့ သန့်ဇင်ကိုသည် တစ်အိမ်အုံး၏ အိုးခွက်ပန်းကန်များဆေးကြောရင်း သူ့ညီမမြန်မြန်ကြီးလာပါစေဟု ဆုတောင်းမိသည် ။
အမေက စနေနေ့ဖြစ်သော်လည်း အောက်ဆိုက်အနေဖြင့် လူနာစောင့်ရန်ရှိသဖြင့် ယူနီဖောင်းလဲကာ ဆေးရုံသို့ ပြန်ထွက်သွားသည် ။
ညီမလေးကတော့ သူ့အရွယ်ညီမ တစ်ဝမ်းကွဲများရှိသည့် အဒေါ်တို့အိမ်ကို သွားလည်လေသည်.....
သန့်ဇင်ကိုကတော့ အဖိုးအိမ်လည်မထွက်ခင်အချိန်အထိ စာကြည့်နေ သလိုအယောင်ဆောင်ပြီး မင်းသိင်္ခဝတ္ထုစာအုပ်ကိုဖတ်နေသည် ။
မနက် ၉ နာရီလောက် ရောက်တော့ အဖိုးက “ငါ အိမ်လည်သွားအုံးမယ်..ဟေ့” ဟုအသံကြားမှ အပေါ်ထပ်ကနေ ဆင်းလာပြီး TV အရှေ့သို့ ထိုင်လေတော့သည်။
အိမ်မှာလူကြီးတွေ တစ်ယောက်မှမရှိတော့၍ သန့်ဇင်တစ်ယောက် လွပ်လပ်ရေးရနေသည် ၊ အဖိုး၏ လက်ဖက်သုတ်ခွက်ကိုယူကာ မီးဖိုချောင်ထဲက အမေဖွက်ထားသည့် ပုဇွန်ခြောက် ငါးကောင်ကိုပြစ်ထည့်ပြီးစားရင်း သူကြိုက်သည့် အင်္ဂလိပ်အက်ရှင်ဇတ်ကားကို ခွေထိုးပြီး ကြည့်နေလိုက်သည်။
ဇာတ်ကားတစ်ကားပြီးတော့ လက်ဖက်သုတ်ပန်းကန်လည်း ပြောင်သွားလေပြီ......
YOU ARE READING
When we were young
Romanceကျွန်တော်တို့အားလုံး ဖြတ်ကျော်ခဲ့ဖူးတဲ့ ကျောင်းသားဘဝကနေ အစပြုကာ ဖြစ်ပေါ်လာတဲ့ ချစ်စရာကောင်းတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်။ ဂျစ်ကန်ကန် ကျောင်းသား ဆိုးပေလေး သန့်ဇင်ကို နဲ့ စာတော်ပြီး ဆရာများရဲ့ အချစ်တော် အိမ့်မျက်ချယ်တို့ရဲ့ ရင်ခုန်စရာ အဖြူစိမ်း ဘဝချိုချို။ W...