Chapter Seven: : Ma Ma Honey

4.9K 40 0
                                    

Chapter Seven:              : မမဟန်နီ

 
“ဟိုအကောင်....မျိုးမင်းထက်...နင့်ကိုအရင်တစ်ခါကတည်းက ကျောင်းကို ဒီပစ္စည်းတွေ မယူခဲ့ပါနဲ့လို့ ပြောထားတယ်လေ ၊ အခုတော့ နင်ကမဟုတ်ကဟုတ်က ဇာတ်ကားတွေ ကြည့်ပြီး အတတ်ကောင်းတွေတတ်နေတယ်ပေါ့လေ....... နင်ရော နင့်အကောင်တွေရော အခု အတန်းရှေ့ကို ထွက်ခဲ့ကြစမ်း”

“ဟုတ်.....ကဲ့”

“နင်တို့ကို ဒီတစ်ခေါက် ရုံးခန်းမပို့တော့ဖူး.....ဒီမှာတင်အပြတ်ရှင်းမယ်...ဟိုကောင်မလေး ဆရာမနားနေခန်းက ငါ့နေရာမှာ ထောင်ထားတဲ့ ရေစိမ်ကြိမ်လုံး သွားယူခဲ့စမ်း”

“ဟုတ်ကဲ့”

 
မျိုးမင်းထက်နှင့် အပေါင်းပါများကတော့ ဘယ်လိုခံစားနေရမလဲတော့မသိ......

သန့်ဇင်ကိုပင် လက်မောင်းပေါ်က ကြက်သီးမွှေးညင်းများထလာသလို ခံစားလိုက်ရသည်။

သူတို့အတန်းပိုင် ဒေါ်ဝါဝါသိန်း၏ ရေစိမ်ကြိမ်လုံးသည် သိုင်းလောကတွင် နဂါးနိုင်ဓားနာမည်ကြီးသကဲ့သို့ အ.ထ.က ( ၂ ) တွင် နာမည်ဆိုးနှင့် ကျော်ကြားလေသည်။

နှစ်ကျ ရာဇဝင်လူဆိုးကြီးများ၏ ပြောပုံအရ ရေစိမ်ကြိမ်လုံးကိုအားနှင့် “ဝှီး” ကနည်းလွှဲရိုက်လိုက်မည် ဆိုပါက နာကျဥ်ခြင်း တည်းဟူသော ခံစားမှုသည် အရိုက်ခံရသည့် နေရာမှတစ်ကိုယ်လုံးကို စက္ကန့်ဝက်အတွင်း ပျံ့နှံ့သွားသည်ဟု သိထားကြသည်။
 

ခဏအကြာတွင် ​ဆရာမစေလွှတ်လိုက်သော ကျောင်းသူတစ်ယောက်က ၄ပေခန့်ရှည်သည့် ဂန္တဝင်ကြိမ်လုံးကို အခန်းထဲယူဆောင်လာသည် ။

အတန်းရှေ့က စတိတ်စင်ပေါ်တွင် တစ်ယောက်ချင်းတက်စေပြီး ကျောင်းစိမ်းပုဆိုးကို ပေါင်အထိလှန်ခိုင်းကာ လက်မောင်းအား အကုန်သုံးပြီး “ဝှစ်....ရွမ်း....ဝှစ်....ရွှမ်း” နှင့် ရိုက်ပြီးဆုံးမကာ သင်ခန်းစာပေးလေတော့သည်။

အရိုက်ခံရသော ကျောင်းသားများသည် ခြေထောက်ထော့နဲ့ထော့နဲ့ဖြင့် လမ်းလျောက်ပြီး ထိုင်ခုံစီသို့ပြန်လာကြသည် ၊ အောင်အောင်ဦးဆိုလျင် အရိုက်ခံရတာ အသဲခိုက်အောင် နာကျဥ်သဖြင့် မျက်ရည်များပင် ဝဲနေလေသည်။
 

When we were young Where stories live. Discover now