Chapter sixteen: : ကျိုက်ထီးရိုးဘုရားဖူးခရီးစဥ်

4.5K 42 1
                                    

Chapter sixteen:                   : ကျိုက်ထီးရိုးဘုရားဖူးခရီးစဥ်

 
 
“သားရေ....သန့်ဇင် ၊ သားကြီးရေ....ထတော့လေ....သုံးနာရီခွဲရှိနေပြီ ခဏနေ အိမ်ရှေ့ကို ကားရောက်လာတော့မှာ”

“အွန်း...အွန်း...ထပြီ...အင်း....အင်း..အွန်ဝွန်း....ဝါး”

 
မနက်ခင်းလင်းအားကြီး သုံးနာရီခွဲခန့် အချိန်တွင် အမေဖြစ်သူက အိပ်ယာလာနှိုးသဖြင့် သန့်ဇင်ကိုအားတင်းပြီး ထလိုက်ရသည်။

ဆယ်တန်းစာမေးပွဲဖြေပြီးသည်မှာ နှစ်ရက်ခန့်သာ ရှိသေး၍ နှပ်ချင်သော်လည်း ကျိုက်ထီးရိုးသို့ ခရီးထွက်ရမည်ဖြစ်၍ အိပ်ချင်နေသေးသော မျက်လုံးကို အတင်းဖွင့်ကာ ထရလေသည်။

 
မနက်အစောကြီး မထနိုင်မည်ကို ကြိုသိထားသည့် သန့်ဇင်သည် ညကတည်းက ကျောပိုးအိတ်ထဲသို့ အဝတ်များထည့်ပြီးဖြစ်သည် ။

ထို့ကြောင့် အိမ်သာတက် သွားတိုက် မျက်နှာသစ်ပြီး အဝတ်အစားတစ်ချို့လဲကာ ကျောပိုးအိတ်ကိုလွယ်ပြီး အောက်ထပ်သို့ ဆင်းလာခဲ့သည် ၊ အမေဖြစ်သူက....
 

“သား....အကုန်ပြင်ပြီးပြီလား”

“ဟုတ်...အမေ”

“ရော့...အမေ့အထုတ်ရော မင်းညီမအထုတ်ပါ ကားပေါ်တင်လိုက်...မင်းလည်းတက်နှင့်”

“ဝှါးးးး....ဟုတ်”

“အင်း..အင်း မြန်မြန်လုပ် ၊ မင်းညီမ အိမ်သာတက်ပြီးရင် အမေတို့လာခဲ့မယ်...ပစ္စည်းတွေ စုံမစုံသေချာစစ်ဦး ”

“ဟုတ်....”

 
သန့်ဇင်ကိုသည် အမေဖြစ်သူ၏ ညွန်ကြားချက်အတိုင်း အထုတ်အပိုးများကို Light truck ​ကားကြီးပေါ်တွင်တင်ကာ သူကိုယ်တိုင်လည်းတက်ထိုင်လိုက်သည် ။

ခဏကြာတော့ အမေနှင့် ညီမလေးလည်း အဖိုးကိုနှုတ်ဆက်ကာ ကားပေါ်တက်လာလေသည် ၊ ပြီးနောက် ကားဆရာကို ဆေးရုံဝန်းထဲသို့ လူခေါ်ရန်မောင်းခိုင်းလိုက်လေတော့သည်။
 

သန့်ဇင်ကိုကတော့ ကားပေါ်တွင် တင်ပလ္လင်ခွေထိုင်ရင်း ခေါင်းငိုက်စိုက်ကျ အိပ်ငိုက်လာ သည် ၊ ဆေးရုံဝန်းထဲရောက်ပြီး ကားဘရိတ်အုတ်လိုက်တော့မှ သတိပြန်လည်လာသည် .........

When we were young Where stories live. Discover now