P_2 (Uni)

12K 1.3K 291
                                    

"မောင်သူရစိုးရယ် မင်းမလည်းပင်ပန်းလိုက်တာ။ ကိုယ်ဘာကိုယ် မေမြို့မှာပဲ အေးအေးဆေးဆေး နေပါရောလား။ ကျောင်းတွေပိတ်မှ သားသားကို လာခေါ်ပေါ့"

"မပင်ပန်းပါဘူးအမေရဲ့။ ဖြစ်နိုင်ရင် ကျွန်တော်က မနက်သွားညပြန်ကို လုပ်နေချင်တာ"

ကျွန်တော်ပြန်ပြောတော့ သီဟအမေက နှုတ်ခမ်းကိုမဲ့တယ်။ ကျွန်တော်သိတာပေါ့။ သူ့သားကိုခေါ်သွားလို့ ကျွန်တော့်ကိုမကြည်နေတာ။ သားကလည်း ကျွန်တော့်ကိုမကြည်ဘူး။ အရင်အပတ်က ဝက်ခြံကိစ္စကြောင့် ကျွန်တော့်ကိုစိတ်ဆိုးနေတာ အခုထိမပြေ။

"ချစ်စကြိုက်စဆိုတော့လည်း ဒီလိုပါပဲ။ နောက်တော့လည်း..."

"ခင်... မင်းနေမကောင်းဘူးဆို။ သွားနားတော့လေ သွား"

ကျွန်တော့်ကို စကားပြောနေတုန်း သီဟအဖေက ဖောက်မေးလိုက်တာကြောင့် အန်တီက

"ဟုတ်တယ်မောင်။ ခင်နေမကောင်းလို့ မောင်ပဲ ဟင်းချက်လိုက်တော့နော်။ ပြီးရင် ခင်နိုးလာရင်သောက်ဖို့ မောင်သူရစိုးပါလာတဲ့ ထောပတ်သီးလေးတွေ ဖျော်ပြီး ရေခဲသေတ္တာထဲ ထည့်ထားပေးပါဦး။ သြော် သားသားဖို့ပါဖျော်နော်"

"ဟုတ်ပြီ ဟုတ်ပြီ သွား မောင်အကုန်လုပ်ထားလိုက်မယ်"

နောက်တော့ သူ့ယောက်ျားစကားကို နာခံစွာနဲ့ အန်တီကထပြီး အနားသွားယူလေရဲ့...

ထသွားတဲ့သူ့မိန်းမကို ဦးလေးက မျက်စိတဆုံးလိုက်ကြည့်ပြီး သူ့မြင်ကွင်းထဲကနေ ပျောက်ကွယ်သွားမှ ကျွန်တော့်ဘက်ကိုပြန်လှည့်တယ်။

"အဲ့ဒါပဲ မောင်သူရစိုးရေ။ မိန်းမတွေက အမျိုးမျိုးကို ညာခိုင်းနေတော့တာ။ ဒါနဲ့ မင်း ဟင်းဘယ်နှစ်မျိုးချက်တတ်လဲ"

"ဗျာ။ ဟင်းလား။ ကျွန်တော် မချက်တတ်ဘူး"

"ဒါတော့ ဘယ်ဟုတ်ဦးမလဲမောင်သူရစိုးရဲ့။ မင်းကို သီဟနိုင်က ချက်ကျွေးမှာဆိုပေမယ့် သူနေမကောင်းတဲ့အခါကြရင်ရော။ ပြီးတော့ သူမင်းကိုစိတ်ကောက်တဲ့အခါမျိုးတွေ။ အဲ့အချိန်တွေဆို ဘယ်သူချက်မှာလဲ။ ဝယ်စားမှာလို့တော့ မပြောနဲ့နော်။ ဝယ်စားတာက ပိုက်ဆံကုန်တယ်။ ပြီးတော့ ဘယ်မိန်းမ,မဆို ကိုယ့်ယောက်ျားချက်ကျွေးတာကို စားချင်ကြတာ။ မင်းက ယောက်ျားယူထားလို့ ငါတော့လွတ်ပြီလို့ မထင်နဲ့။ သီဟနိုင်လည်း မင်းချက်ကျွေးတာကို စားချင်မှာပဲ။ ဟင်းချက်ကျွေးတယ်ဆိုတာက ကိုယ့်ရဲ့အချစ်ကို ပြသတာနဲ့အတူတူပဲ။ သူတို့စိတ်ကောက်တဲ့အခါမျိုးဆို ကိုယ်က သူ့အကြိုက်တွေချည်း ရှယ်ချက်ပြီး သူ့ကိုချော့လိုက်။ မပျော့ဘူးဆို ငါလည်ဖြတ်ခံတယ်။ အဲ့ဒါကြောင့် ဟင်းဆိုတာ ချက်တတ်ထားဖို့လိုတယ်"

သူရယ် ကျွန်တော်ရယ် ပန်းမြို့တော်ကြီးဝယ် (Completed)Where stories live. Discover now