P_13 (Uni)

5.9K 904 178
                                    

အကိုသူရရဲ့ ကျေးဇူးကြောင့် ကျောင်းမှာ ကျွန်တော် လွတ်လွတ်လပ်လပ်မနေရ။ ဟိုလူကကြည့် ဒီလူကကြည့်နဲ့ နေရတာ တကယ်အဆင်မပြေ။

ရှက်လို့လားဆိုတော့ မဟုတ်ဘူး။ အကိုသူရက ကျွန်တော့်အမျိုးသားမို့ သူ ကျွန်တော့်ကို နမ်းတာက ရှက်စရာကောင်းတဲ့ အပြုအမူမဟုတ်ဘူး။ ကျွန်တော်က ဒီအတိုင်း လူတကာက လိုက်ကြည့်နေကြတော့ နေရထိုင်ရတာ ကျဥ်းကျပ်တာ။ အဲ့ဒါကြောင့် ကျွန်တော်က လူရှေ့သူရှေ့ဆို ဘယ်တော့မှ မနမ်းချင်။

အခုတော့ အကိုသူရကြောင့် ကျွန်တော့်မှာ ဘယ်မှမသွားချင်။ အခန်းထဲကနေ အခန်းအပြင်ကိုလည်း မထွက်ချင်။

🎶သူ့ရဲ့အပြုံးဟာ ရင်ခုန်သည်...
  တစ်သက်လုံး ဒီအတိုင်း ချစ်ချင်သည်...
  အကြင်နာ ချစ်စကား ပြောခွင့်ပေးပါအတည်...
  အသည်းမှာလည်း စိုးရိမ်သည်...
  သူများဦးမှာ တွေးကြောက်သည်...
  အခုတော့ သိပြီ သူ့ကို ကိုယ်ချစ်သည်...🎶

ဖုန်း Ringtone က မိုက်လှပါလား။

🎶သူ့ရဲ့အပြုံးဟာ ရင်ခုန်သည်...
  တစ်သက်လုံး ဒီအတိုင်း ချစ်ချင်သည်...
  အကြင်နာ ချစ်စကား ပြောခွင့်ပေးပါအတည်...
  အသည်းမှာလည်း စိုးရိမ်သည်...
  သူများဦးမှာ တွေးကြောက်သည်...
  အခုတော့သိပြီ သူ့ကို ကိုယ်ချစ်သည်...🎶

----------

🎶သူ့ရဲ့အပြုံးဟာ ရင်ခုန်သည်...
  တစ်သက်လုံး ဒီအတိုင်း ချစ်ချင်သည်...
  အကြင်နာ ချစ်စကား ပြောခွင့်ပေးပါအတည်...
  အသည်းမှာလည်း စိုးရိမ်သည်...
  သူများဦးမှာ တွေးကြောက်သည်...
  အခုတော့သိပြီ သူ့ကို ကိုယ်ချစ်သည်...🎶

"....."

တစ်ဆိတ်။ လွန်ပြီလို့ မထင်ဘူးလား။ ဒီလောက်တောင် ဖုန်းမြည်နေတာကို မကိုင်ချင်ရင်လည်း စက်ကိုပိတ်လေ။

တိတ်တိတ်ဆိတ်ဆိတ်နေချင်ပါတယ်ဆိုမှ ဘယ်ငါယိုးကောင်က ဖုန်းကို မကိုင်ဘဲ ထား,ထားရတာလဲ။ ဘယ်ကောင်လဲဆိုပြီး ဘေးကိုကြည့်တော့လည်း သူတို့က ကျွန်တော့်ကို ပြန်ကြည့်နေကြတယ်။ ကြာတော့ စိတ်ကတိုလာပြီ။

"သီဟနိုင် မင်းအိတ်ထဲက အော်နေတာကွ"

ဟိုကြည့်၊ဒီကြည့်လုပ်နေတဲ့ ကျွန်တော့်ကို ငမိုးက လှမ်းပြောလိုက်ခြင်းဖြစ်တယ်။

သူရယ် ကျွန်တော်ရယ် ပန်းမြို့တော်ကြီးဝယ် (Completed)Where stories live. Discover now