P_34 (Uni)

4.8K 674 109
                                    

မကွေးကနေ မေမြို့ပြန်ရောက်တော့ ကားမူးတာနဲ့ဘာနဲ့ပေါင်းပြီး ကျွန်တော် နေလို့မကောင်း။ အဲ့ဒါနဲ့ အလုပ်ကို နှစ်ရက်လောက် ထပ်ပြီး ခွင့်ယူလိုက်ရတယ်။ ကျွန်တော် နေလို့မကောင်းတော့ အကိုသူရလည်း ခြံထဲကိုမသွား။ ကျွန်တော့်ဘေးမှာပဲ တစ်ချိန်လုံး ကပ်လို့နေတယ်။

နှစ်ရက်လောက်ကြာတော့ ကျွန်တော် ပြန်ပြီး သက်သာလာတယ်။ ဒါပေမဲ့ အကိုသူရက ကျွန်တော့်ကို အလုပ်ပေးမဆင်း။ အိမ်မှာပဲ နောက်ထပ် နှစ်ရက်လောက် ထပ်ပြီး နားနေခိုင်းတယ်။ သူကတော့ ပစ်ထားတာကြာပြီမို့ ခြံထဲကို နေ့တစ်ပိုင်းသွားမယ်လို့ဆိုတယ်။ အဲ့တော့ ဘေးမှာ အကိုသူရကလည်း မရှိတော့ ကျွန်တော် အရမ်းကို ပျင်းနေပါပြီ။

နောက်တော့ ကျွန်တော် တစ်ယောက်တည်း ပျင်းတာနဲ့ ကိုနေလင်းဆီ အလည်သွားရင်ကောင်းမယ်လို့ တွေးမိတယ်။ ကျွန်တော်ပြန်ရောက်ကတည်းက ကိုနေလင်းကို မမြင်ရသေးတော့ သူ အဆင်ပြေရဲ့လားဆိုတာကိုလည်း သိချင်သေးတယ်။ ပြီးတော့ ကျွန်တော် စိတ်ထင်လို့ပဲလားတော့ မသိဘူး၊ ကိုနေလင်းတို့ အိမ်ဘက်ကနေ တစ်ချက်တစ်ချက် ကလေးငိုသံ ကြားရသလားလို့လေ။

ကျွန်တော် ကိုနေလင်းတို့အိမ်ရှေ့ရောက်တော့ ခြံတံခါးက စေ့ရုံပဲစေ့ထားတာမို့ ဘဲလ်တွေဘာတွေတီးမနေတော့ဘဲ ဒီအတိုင်း ဝင်သွားလိုက်တယ်။ အိမ်ထဲရောက်တော့ ဧည့်ခန်းမှာ ကလေးတစ်ယောက် အရုပ်မျိုးစုံနဲ့ ဆော့ကစားနေတာကို တွေ့ရတာကြောင့် ကျွန်တော် အံ့သြသွားတယ်။ ဒါ ကိုနေလင်းရဲ့ အိမ်မဟုတ်ဘူးလား၊ ဘယ်က ကလေးတုန်း။

ကျွန်တော် ကြောင်တောင်တောင်နဲ့ ကလေးအနား သွားထိုင်လိုက်တယ်။ သူ့အနား လာထိုင်လို့ထင်တယ် ကလေးကလည်း ကျွန်တော့်ကို မော့ကြည့်တယ်။ ဒါပေမဲ့ သူ့အကြည့်ထဲမှာ ဘယ်သူကြီးတုန်းဆိုပြီး သိလိုတဲ့ အမူအရာတွေ ပါနေတာမို့

"အကိုက ဟိုဘက်အိမ်ကပါ။ မင်းက ကိုနေလင်းနဲ့ ဘာတော်တာတုန်း"

"တူ"

"သြော်... ဒါဆို မင်းဦးလေး အိမ်မှာရှိလား"

"မရှိဘူး။ ဦးလင်းလင်းက ကလောကို သွားတယ်"

"ဟမ်... ဘာသွားလုပ်တာတုန်း"

သူရယ် ကျွန်တော်ရယ် ပန်းမြို့တော်ကြီးဝယ် (Completed)Where stories live. Discover now