P_29 (Zawgyi)

1.6K 84 27
                                    

ကျွန်တော်တို့နှစ်ယောက် သန့်ရှင်းရေးလုပ်ပြီးလို့ ဆယ်မိနစ်လောက်ကြာမှ ဝဏ္ဏတို့က ပြန်ရောက်လာခဲ့တယ်။ သူတို့ပြန်ရောက်လာတာနဲ့ သီဟနိုင်က သူတို့ဝယ်လာတဲ့ ကိတ်ကိုယူပြီး ဓားနဲ့ အလယ်ကနေ လေးစိပ်ထိုးလိုက်တယ်။ ပြီးတာနဲ့ တစ်ယောက်တစ်စိပ်ကျနဲ့ ပန်းကန်ပြားထဲထည့်ပြီး စားပွဲပေါ်မှာ လိုက်ချလေတယ်။ ကျန်တဲ့ စားစရာသောက်စရာတွေကတော့ နေလင်းတို့ပြန်မရောက်ခင်ကတည်းက စားပွဲပေါ်ကို နေရာချပြီးသားဖြစ်တာမို့ သူတို့ပြန်ရောက်တာနဲ့ စတင်လို့ စားသောက်လိုက်ကြတယ်။

" သုံးမိနစ်တိုတိုလေး ဘယ်လိုလဲ၊ ကျွန်တော်ပြောတာ မှန်တယ်မလား"

နေလင်းရဲ့အမေးကြောင့် ကျွန်တော်နဲ့သီဟနိုင်က ဘာကိုလဲဆိုတဲ့သဘောနဲ့ ဝဏ္ဏဆီကို ပြိုင်တူကြည့်လိုက်ကြတယ်။

"အင်း မဆိုးပါဘူး။ စားလို့ကောင်းတယ်"

ဝဏ္ဏက ပြန်ဖြေလိုက်တယ်။ ဝဏ္ဏရဲ့အဖြေကြောင့် နေလင်းက အရမ်းကျေနပ်သွားတယ်ထင်၊ အားရပါးရပြုံးပြီး

"ကျွန်တော်ပြောပါတယ် သီဟနိုင်က တကယ်ကို ဟင်းချက်ကောင်းတာလို့... အဲ့ဒါကြောင့် ခင်ဗျားကိုခေါ်လာတာ"

နေလင်းရဲ့အပြောကို ဝဏ္ဏက ခေါင်းပြန်ညိတ်တယ်။ သီဟနိုင်ကတော့ အပိုတွေဆိုတဲ့သဘောနဲ့ မျက်နှာကို မဲ့နေလေရဲ့...

"ဒါနဲ့ မင်းနာမည်က ဘာလို့ သုံးမိနစ်တိုတိုလေး ဖြစ်နေရတာတုန်း၊ တကယ်သုံးမိနစ်ထဲလား။ ပြီးတော့ တိုတိုလေးဆိုတာကရော"

ဘာပြောရမှန်းမသိတာနဲ့ ကျွန်တော်ဝဏ္ဏကို မေးကြည့်လိုက်တယ်။ ကျွန်တော့်အမေးစကားဆုံးတာနဲ့ ဝဏ္ဏက မင်းကြောင့် အခုလိုအမေးခံရတာဆိုတဲ့သဘောနဲ့ နေလင်းကို ဂျိုနဲ့ကြည့်တယ်။ ဒါပေမဲ့ နေလင်းက ဂရုမစိုက်၊ သူက ဝဏ္ဏရဲ့အကြည့်ကို မြင်လိုက်တာနဲ့ တဟားဟားအော်ရယ်နေတော့တယ်။

"ဟုတ်တယ်၊ တကယ်သုံးမိနစ်တည်း။ ပြီးတော့ သူ့ဟာက တိုတိုလေး"

"နေလင်း မင်း..."

နေလင်းရဲ့အဖြေကြောင့် ဝဏ္ဏက အလွန်ဒေါသထွက်သွားတယ်ထင်၊ သူ့မျက်နှာက ကြောက်စရာကောင်းလောက်အောင်ကို မည်းမှောင်လို့နေတယ်။ ဒါပေမဲ့ နေလင်းကိုတော့ ဘာမှမလုပ်... ကျွန်တော့်ဘက်ကိုပဲလှည့်ပြီး

သူရယ် ကျွန်တော်ရယ် ပန်းမြို့တော်ကြီးဝယ် (Completed)Where stories live. Discover now