တစ်နှစ်ကြာပြီးနောက်....
"ဟာ သီဟနိုင် ၊ မင်းအမေရော"
ခန်းမထဲ ဝင်ဝင်ချင်း ကိုနေမျိုးက ကျွန်တော့်ကို ဆီးကြိုလို့ နှုတ်ဆက်တယ်။
"ပါတယ် ၊ အနောက်မှာ ဆိုင်ကယ်ထားနေလို့"
"အဲ့ဒါဆို လာလေ ၊ အကိုတို့ဝိုင်းမှာ ဝင်ထိုင်လိုက်ပါလား"
"မထိုင်တော့ဘူး ကိုနေမျိုး ၊ ဟိုမှာ ကျွန်တော့်သူငယ်ချင်းတွေဆီပဲ သွားထိုင်လိုက်တော့မယ်"
ကိုနေမျိုးတို့ဝိုင်းနဲ့ နှစ်ဝိုင်းကျော်လောက်မှာ ထိုင်နေကြတဲ့ ငမိုးတို့ကောင်တွေကို မေးငေါ့ပြလိုက်ပြီး ကျွန်တော် ပြန်ဖြေလိုက်တယ်။
"သြော် အေးအေး ၊ မင်းအမေကိုတော့ ကိုယ်တို့နဲ့ ခေါ်ထားလိုက်မယ်နော်"
"ရတယ် ရတယ်။ ခေါ်ထားလိုက်။ ပြန်မယ်ဆိုမှ ကျွန်တော့်ကိုခေါ်လိုက်လို့"
"အေးအေး။ ဟော ဟိုမှာ ပြောရင်းဆိုရင်းနဲ့ မင်းအမေ ရောက်လာပြီ။ သွားတော့ သွားတော့ ၊ တော်ကြာ မင်းနောက်လိုက်နေမယ်။ တစ်ခါတလေလေး သူငယ်ချင်းတွေနဲ့တွေ့ရတာကို လွတ်လွတ်လပ်လပ်နေ"
"ဟုတ်"
ကိုနေမျိုးကို နှုတ်ဆက်ပြီးတာနဲ့ ကျွန်တော်က ကျွန်တော့်သူငယ်ချင်းတွေရှိတဲ့ဝိုင်းကို သွားထိုင်လိုက်တယ်။ ကိုနေမျိုးကတော့ ကျွန်တော့်နောက် လိုက်မယ်လုပ်နေတဲ့ အကိုသူရကို သူတို့ဝိုင်းမှာ ဇွတ်ခေါ်ထားလေရဲ့။
ဒီနေ့က ကျွန်တော့်သူငယ်ချင်း ဇာနည်နဲ့ မမစံပါယ်တို့ရဲ့ မင်္ဂလာပွဲဖြစ်တယ်။ အဲ့တော့ ကျွန်တော့်သူငယ်ချင်းတွေရော ၊ အကိုသူရရဲ့ သူငယ်ချင်းတွေရောက မင်္ဂလာခန်းမထဲမှာ စုံစုံလင်လင် ရောက်ရှိနေကြတယ်။
"အမယ် သီဟ ၊ တစ်ယောက်တည်းပါလား။ မင်းအမေရော"
"ပါတယ် ဟိုမှာ သူ့သူငယ်ချင်းတွေနဲ့ ထိုင်နေတာ"
ငမိုးရဲ့အမေးကို ကျွန်တော်က အကိုသူရတို့ဝိုင်းကို ညွှန်ပြပြီး ပြန်ဖြေလိုက်တယ်။ ပြီးတာနဲ့ ရှေ့မှာရှိတဲ့ ရေခဲမုန့်ကို စားဖို့ပြင်လိုက်တယ်ဆိုရင်ပဲ